Zawgyi
အလုပ်သွားရန် အိမ်တော်အပေါ်ထပ်က
လှေကားအတိုင်းsuitအပြည့်နဲ့ဆင်းလာသူကိုမြင်တော့ မနက်စာပြင်နေတဲ့ရှောင်းကျန့်ဝမ်းသာအားရ
ထမင်းစားခန်းဝ အပြေးရပ်ကာ
ရိပေါ်သူ့ ရှေ့ ဖြတ်အလာကိုစောင့်နေတယ်သူ့ ကိုကိုယ်ပျောက်လူသားနှယ်မမြင်သလို ကျောခိုင်းဖြတ်ကျော်သွားသည်မို့ 
ရှောင်းကျန့်ခပ်တိုးတိုးလေးအသံပြုလိုက်တယ်"ရိပေါ်"
ခေါ်သံတိုးတိုးလေးကြောင့်ရိပေါ်ခြေလှမ်း
ရပ်တန့်သွားပြီလည်ပြန်လှည့်ကြည့်လေတော့အေးစက်မာထန်နေတဲ့မျက်နှာမာမာကြောင့်
ရှောင်းကျန့်အပြစ်ရှိစွာခေါင်းငုံ့ လျှိုးသွားတယ်ရိပေါ်ဟာ သူ့ ကိုစူးရဲစွာစိုက်ကြည့်အပြီးမှာ
အိမ်တော်စင်ဝင်အောက်ကရပ်ထားတဲ့ကားကို
တရှိန်ထိုးမောင်းထွက်သွားတယ်ရှောင်းကျန့်မှာတော့ ထွက်သွားတဲ့ကား
မြင်ကွင်းထဲကပျောက်ကွယ်သွားသည်အထိ
နာကျင်လေသောမျက်ဝန်းများဖြင့်
မျက်စိတဆုံးလိုက်ကြည့်မိလေ၏စေ့စပ်ဖို့ သူဖြောင်းဖြသည့်နေ့မှစ၍
သူနဲ့ရိပေါ်အခုလိုအခြေအနေမျိုးဖြစ်နေသည်မှာ
၃ ၄ရက်ခန့်ရှိပြီရိပေါ်သူ့ ကိုစိတ်နာနေသည်မှာ
မျက်နှာချင်းပင်အဆိုင်မခံ စကားလဲမဆိုတော့ပေ။ဒီအိမ်တော်ကြီးထဲ ရိပေါ်မရှိရင်
သူတယောက်ထဲလိုသာ ရိပေါ်ကိုအားကိုးပြီး နေနေရတဲ့ သူအဖို့ ရိပေါ်ကိုယ်တိုင်က ဥပေက္ခာပြုလျစ်လျူရှုဒဏ်ကို ရှောင်းကျန့်တကယ်ခံနိုင်စွမ်းမရှိပေ။သူ့ ဘက်က အမှားလုပ်ထားသည်ဖြစ်လို့ 
ရိပေါ်အရိပ်အကဲကြည့်တောင်းပန်ရင်း
ပြန်ပြေလည်ချင်ပါသော်လည်း ထိုအခွင့်အရေးလေးကိုပင် ရိပေါ်ကမပေးချေ။"ကော"
မျက်ရည်ဝေစွာ တွေးငေးနေတဲ့ရှောင်းကျန့်
ခေါ်သံကြားမှအတွေးစပြတ်သွားတော့၏။"ချင်းဟော့ လာလေ"
ရှောင်းကျန့်မျက်နှာမကောင်းသည်မို့ 
ချင်းဟော့ မေးလိုက်တယ်