အပိုင်း၅၄(Zaw+Uni)

1.8K 145 46
                                        

Zawgyi

တလခန့်ကြာပြီးနောက်

"ကျဲ နားနေလိုက်ပါလား"

"ချက်တာပြုတ်တာမကျွမ်းကျင်ရင်တောင်
ကျဲကမင်းကိုနည်းနည်းတော့ကူပေးရမယ်လေ"

"ရပါတယ် ကျဲရယ် နားနားနေနေသာနေ
ဒါတွေက ကျနော်လုပ်နေကြအလုပ်တွေ
မပင်ပန်းဘူး"

ကျဲက ရှောင်းကျန့်အားပြုံးကြည့်၍ဆိုတယ်

"ကျန့်ကျန့် မင်းကလေ တကယ့်ကို
အလိမ္မာအိမ်ပါperfect boyလေးဘဲ
အဲဒါကြောင့် ဝမ်လေးက မင်းကိုဆို
သည်းသည်းလှုပ်နေတာ"

ကျဲစကားကြောင့် ရှောင်းကျန့်ဟာ
ရှက်ပြုံးလေးပြုံးရင်းငြင်းရှာတယ်

"မဟုတ်တာ"

"ကျဲကတော့လေ မင်းတို့ ၂ယောက်ကိုဆို
ဘာမှကန့်ကွက်စရာမရှိဘူး"

ကျဲမျက်နှာကတခုခုကိုပြန်တွေးမိသွားသည့်ဟန် ပြုံးယောင်ယောင်ဖြင့် ထို့ နောက်
သူ့ အားဆက်၍ပြောလာတယ်

"ပြီးတော့...ဟိုနေ့က ရေကန်နားကမြင်ကွင်း
အဲဒါ အမှတ်မထင်ဘဲ ကျဲတွေ့ လိုက်တယ်လေ"

ချက်ချင်းဆိုသလို ရှောင်းကျန့်ကျဲကိုကျောပေး၍ အိုးထဲကအပြစ်မဲ့တဲ့ ဟင်းတုံးတွေကိုသာ ကြေမွသည်အထိ ခပ်ကြမ်းကြမ်းအဆက်မပြတ်
မွှေလေတော့၏။

စိတ်လှုပ်ရှားလွန်းနေသည်မှာ ရုတ်ချည်း အသံပါတိတ်၍မျက်တောင်တခတ်ခတ်
မျက်နာရဲရဲဖြင့် ဟင်းခွက်ပန်းကန်တွေ
တိုက်လိုတိုက်မိ ဟင်းအိုးကိုလဲလက်ဗလာဖြင့်
ကိုင်လိုကိုင်မိနဲ့ လုပ်သမျှအရာတိုင်းက ရှက်ရှက်နဲ့အယောင်ယောင်အမှားမှားတွေချည်းသာ။

အခုရှောင်းကျန့်ပုံစံက သူ့ ကိုယ်လုံးထပ်ကြီးတဲ့ ငါးကြော်ကိုခိုးစားတာကို လူမိသွားသည့်ပူစီ ကြောင်ပေါက်ကလေးနှယ် ဆူပူအပြစ်ပေးခံရဖို့ 
လူမိသွားလို့ ကြောက်လန့်နေပုံလေးက အသဲယားဖွယ်ချစ်စရာကောင်းလွန်းလေသည်။

နားဖျားနဲ့မျက်နှာတွေကခရမ်းချဉ်သီးတလုံးလို
ရဲပတောင်းခတ်လျှက်ရှိနေပြီး အလွန်အမင်း စိတ်လှုပ်ရှားနေပုံပေါ်တာကြောင့် ပိုပိုစချင်မိတဲ့
ယွီ့ လန်ကပြုံးစစဖြင့် ဆက်၍ပြောတယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora