အပိုင်း၂၈(Zaw+Uni)

1.2K 131 18
                                    

💚Zawgyi❤

"ဝမ်ရိပေါ် မင်း အားနည်းတဲ့မိန်းကလေးတယောက်ကို
အရှက်ရအောင် ပစ်ပစ်ခါခါမပြောသင့်ဘူး"

ရှောင်းကျန့်ရိပေါ်ဝင်သွားတဲ့ရေချိုးခန်းထဲ
ထပ်ကျပ်မကွာလိုက်ဝင်သွားရင်း
ငြူစူအပြစ်တင်လေတော့

ရိပေါ်က သွားတိုက်ဆေးကိုသွားပွတ်တံထဲ
ညစ်ထည့်ပြီး  ဆက်အေးအေးပင်တုံ့ ပြန်တယ်

"အဲဒါ သူနဲ့တန်တယ်"

သူပေါက်စလေးထဲကနေဒီအရွယ်ထိ
သွန်သင်ဆုံးမလာခဲ့တဲ့ကလေးက
သူရှေ့ တင်မိန်းကလေးတယောက်ကို မကြားဝံ့မနာသာညစ်ညစ်ညမ်းညမ်း
စော်ကားပြောဆိုလိုက်တာ တွေ့ တော့ ရှောင်းကျန့်အတော်လေးစိတ်ထဲမကောင်း
ဖြစ်မိတယ်။

ငယ်စဉ်ထဲကညစဉ်ညတိုင်း တတွတ်တွတ်
သူပြောပြပေးခဲ့တဲ့ပုံပြင်တွေ၊ဆုံးမစကားတွေက
တခါတည်းနဲ့အကုန်မြောင်းထဲရောက်သွားသလို။

ဒီကလေး ဘားမှာအလုပ်သွားလုပ်ထဲက
တနေ့တခြားသိသိသာသာကိုထင်ရာစိုင်းလာတာ။

ရှောင်းကျန့်ရိပေါ်ကိုစိတ်ပျက်တဲ့အမူအရာဖြင့်
ကြည့်ရင်းက ပြောလာတယ်

"မိန်းကလေးတယောက်ကို အခြားယောကျာ်းတယောက်ရဲ့ရှေ့ မှာ အခုလိုသိက္ခာကျအောင်လုပ်တာ ယောကျာ်းကောင်းစရိုက်မဟုတ်ဘူး ဝမ်ရိပေါ်"

"သိနေရင်တောင် သူ့ အရှက်နဲ့သိက္ခာအတွက် ထိမ်ချန်ထားပေးသင့်တာ ထားပေးရမယ်"

သူ့ စကားကြောင့် ရိပေါ်မှာတိုက်လက်စ သွားတိုက်ဆေးအမြုပ်တွေကိုဘေစင်ထဲထွေးချပြီး
သူ့ ကိုဒေါသခိုးဝေနေတဲ့မျက်လုံးများဖြင့်
စိုက်ကြည့်ကာ မာန်ပါပါဆိုလိုက်တယ်

"ကျနော်က မိန်းမတယောက်ကိုအကြောင်းမဲ့ဒီလိုဆက်ဆံမလား?
အဲမိန်းမ ဘာတွေလုပ်ခဲ့လဲ ကိုကိုသေချာသိလို့ လား?
အခုလဲယောကျာ်းတယောက် အိပ်ရာပေါ်တက်တဲ့ မိန်းမအတွက်နဲ့ ကိုကိုကျနော့်ကိုအပြစ်လာတင်နေတယ်!!

ဆက်ပြောနေရင်း ကိုကိုနဲ့ စကားများရမည်ဆိုတာကြောင့်
ဒေါသကိုအတက်နိုင်ဆုံးဖြေလျှော့ကာ

"တော်ပြီကိုကို ဒီအကြောင်းဆက်မပြောဘဲ
နေကြရအောင်"

ရှောင်းကျန့်ဘက်ကိုမျက်နှာမူထားရာကနေ
ဘေစင်ဘက်ခေါင်းပြန်အလှည့်ခေါင်းကပြာဝေကာ မိုက်ခနဲ့ဖြစ်သွားလေတော့

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now