အပိုင်း၄၅(Zaw+Uni)

2K 169 63
                                        

Zawgyi

ခြေသံပြင်းပြင်း တုတ်ကောက်သံတဒေါက်ဒေါက် ကြားရအပြီးမှာအခန်းတံခါးဟာဒေါသတကြီး
တွန်းကန်ဖွင့်ခြင်းခံလိုက်ရတော့သည်။

နောက်က ပြာတိပြာယာပြေးလိုက်လာတဲ့ အိမ်ထိန်းရယ် ခရီးရောက်မဆိုက်မြင်ရတဲ့ မြင်ကွင်းကြောင့်မျက်နှာမသာမယာသူ့ အဒေါ်ရယ် ရှေ့ ဆုံးကကိုကို့ ကိုသတ်ဖြတ်မတက်ဒေါသခိုးဝေစွာ အကြည့်မလွှဲ စိုက်ကြည့်နေတဲ့သူ့ အဖိုးဖြစ်သူ။

အပြစ်ရှိသူတယောက်နှယ် ညှိုးနွမ်းသောမျက်နှာထားနဲ့
ခေါင်းကိုငုံ့ လျှိုးထားတဲ့ကိုကို။

အဝတ်မကပ်တဲ့ သူ့ ခန္ဓာ ကိုကိုအကျီတွေကဖရိုဖရဲ တညလုံးလူးလိမ့်အိပ်ထားတဲ့လို့ တွန့်ကြေနေတဲ့အိပ်ရာ။

"ဝမ်ရိပေါ်!!!

သူ့ ခန္ဓာတခုလုံးအစိတ်စိတ်အမွှာမွှာ
ကွဲချေတော့မည်အလား အကြည့်စူးစူးတွေကြောင့်
ရှောင်းကျန့်တုန်လှုပ်သွားပြီးရိပေါ်လက်ထဲက
သူ့ လက်ကိုကြောက်လန့်တကြား
အတင်းရုန်းတော့သည်။

မျက်နှာမာမာနဲ့ရိပေါ်က သူ့ လက်ကိုလွှတ်ခွင့်မပေး။
သူ့ ဘက်ကိုဆွဲကာပိုလို့ တင်းကြပ်စွာ
ဆုပ်ကိုင်ထားတယ်

ထို့ နောက် အဖိုးဖြစ်သူကို ကြည့်၍
မျက်နှာတင်းတင်းဖြင့်ဆိုလိုက်သည်က

"အခန်းတံခါးမခေါက်ဘဲ ဝင်လာတာ
ရိုင်းတယ်လို့ မထင်ဘူးလား ဖိုး
ဒါလိုက်နာရမဲ့လူကျင့်ဝတ်"

"မင်းကများ ဒီစကားပြောရဲသေးတယ်"

ဝမ်သခင်ကြီး ရိပေါ်ကိုတုတ်ကောက်နဲ့ရွယ်ပြီးမှ
သူ့ ဘေးက ရှောင်းကျန့်ကျောကိုတုတ်ကောက်နဲ့ အားကုန်ရိုက်ချလိုက်တော့တယ်

"ငါ့မြေးဒီလိုဖြစ်တာ မင်း!!!မင်းကြောင့်ဘဲSean
မင်းကငါ့မြေးဘဝကိုဖျက်ဆီးမဲ့ကောင် မင်းပေးထားတဲ့ကတိကိုမင်းဖြတ်ပစ်တာ
မင်းက ကတိမတည်တဲ့ကောင်ဘဲSean"

၂ချက်မြောက်မှာအားကစားလိုက်စားတဲ့ ဝမ်ဥက္ကဌရဲ့ရိုက်ချက်ကြောင့်
ရှောင်းကျန့်ကြမ်းပြင်ပေါ်ခွေကျသွားတော့သည်။

ပထမတချက်၂ချက်မှာရုတ်ချည်းဆန်စွာ
ဖြစ်ပျက်သွားတာမို့ ၃ချက်မြောက်မှာတော့
ကြောင်အစွာကြည့်နေမိတဲ့ရိပေါ်ဟာ
အဖိုးဖြစ်သူရဲ့လုပ်ရက်ကြောင့်
မျက်လုံးတွေပေါက်ထွက်မတက်နီရဲတက်လာပြီး
အံကြိတ်ကာ သွားကြားထဲကထွက်လာတဲ့အသံဖြင့်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDove le storie prendono vita. Scoprilo ora