ဇာတ်သိမ်းပိုင်း(Unicode)

2.8K 144 58
                                    

Unicode

ဝမ်လုပ်ငန်းစုဟာ အရှိန်အဟုန်ပြင်းပြင်း
ပို၍ပို၍ပင်တိုးတက်အောင်မြင်လို့လာ၏။

ဝမ်လုပ်ငန်းစုရဲ့ဥက္ကဌဖြစ်သူ ဝမ်ချင်းဟော့မှာ
နေ့ညမနား မအားသည့်အထိအလုပ်များနေပင်မဲ့
ဝမ်လုပ်ငန်းစုရဲ့အဓိကပင်တိုင်အကြံပေးဖြစ်သူမှာတော့ အမှောင်ခန်းထဲအပူအပင်ကင်းစွာ
သူ့ရှေ့ပိတ်ကားပေါ်က ရုပ်ရှင်ကားကိုသာ မမှိတ်မသုန်စိုက်ကြည့်နေလေတယ်

ခရီးကပြန်ပြန်လာချင်း အမှောင်ခန်းထဲ
ရုပ်ရှင်ထိုင်ကြည့်နေတဲ့ညီဖြစ်သူကိုမြင်တော့
ချင်းဟော့ဖွင့်ထားလက်စ တံခါးကိုခေါက်လိုက်တယ်

"ဒေါက် ဒေါက်"

အသံလာရာကိုတချက်ကြည့်တော့
ခရီးရောက်မဆိုက် သူ့ဆီအရင်ဝင်လာပုံရတဲ့
ဝမ်ချင်းဟော့ကိုသူတွေ့လိုက်ရတယ်

ချင်းဟော့ ရိပေါ်နံဘေးဆိုဖာမှာဝင်ထိုင်လိုက်ပြီး
အခန်းထဲရှုပ်ပွနေတဲ့ အမှိုက်နဲ့ဘီယာဘူးခွံတွေကို
ကောက်သိမ်းပေးရင်းစကားစလိုက်တယ်

"အချိန်တွေဘဲကြာသင့်သလောက်ကြာပြီးခဲ့ပြီ
ဝမ်ရိပေါ် မင်းနေရာမင်းပြန်ဦးစီးသင့်ပြီးလို့တော့
ငါထင်တယ်"

"အခုမင်းနဲ့သင့်တော်နေပြီဘဲ
ဝမ်လုပ်ငန်းစုက ငါ့ကိုဘာလို့လိုအုံးမလဲ"

မျက်ဝန်းတွေက ပိတ်ကားပေါ်ကနေ တချက်လေးတောင်မျက်နှာလွှဲမသွား
ရုပ်ရှင်အပေါ်စိတ်ဝင်တစားမှု
အကြည့်တွေက နက်ရှိုင်းစွာပင်။

"ဒါတွေအားလုံးက မင်းရဲ့အကြံဉာဏ်တွေလေ
ငါက မင်းအဆင်မပြေတဲ့အချိန် ခဏတာအတွက်
ဒီနေရာကိုမင်းအစားခဏတာဝန်ယူပေးရုံဘဲ"

ဝမ်ရိပေါ်ပုံစံက ခံစားချက်မရှိအေးစက်စက်ဖြင့်သာ
တုန့်ပြန်လေတယ်

"ဝမ်ချင်းဟော့ ငါ့အတွက်တာဝန်ဆိုတာ
အသက်ရှင်ပေးနေရုံကလွဲရင် မရှိခဲ့တာကြာပြီ"

ပိတ်ကားထပ်က သူပင်အလွတ်ရလုနီးပါး ထပ်တလဲလဲပြသနေတဲ့ရုပ်ရှင်ကားကိုကြည့်ပြီး
သူ့ညီအတွက် ချင်းဟော့စိတ်ထဲမကောင်းချေ။

ပန္းပ်ိဳးလက္(ပန်းပျိုးလက်)CompleteWhere stories live. Discover now