အပိုင်း၂၅(Zaw+Uni)

1.3K 141 39
                                    

💚Zawgyi❤

Little warning🔥🔥

ရှောင်းကျန့်ရိပေါ်နောက်အမှီလိုက်ပင်မဲ့ တဖြည်းဖြည်းဝေးကွာသွားတဲ့ခြေလှမ်းတွေကြောင့်
ဆက်မလိုက်တော့ဘဲ မြေပြင်ပေါ်တစစီကျိုးပဲ့နေတဲ့ ဖန်ဒိုင်းဆုလေးကိုသာ နှမြောတသဖြစ်စွာ တစချင်းကောက်ယူပြီး သူ့ ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပုဝါလေးထဲစုထည့်လိုက်တယ်

ယောကျာ်းတယောက်ကိုသူနဲ့မျိုးတူ
ယောကျာ်းတယောက်ကအများပိုင်နေရာမှာ
နမ်းလိုက်တယ်ဆိုတဲ့မြင်ကွင်း။ထိုယောကျာ်းက သူတသက်လုံး ယုံကြည်လေးစားခဲ့တဲ့သူ့ အကိုဖြစ်သူ။
သူ့ ညီလေးဘယ်လောက်တောင် စိတ်ထိခိုက်သွားမလဲ?
သူ့ အပေါ်လဲဘယ်လောက်တောင်
ရွံ ရှာစက်ဆုပ်သွားလိမ့်မလဲ?

သူမယုံကြည်နိုင်တာက ဒီလိုအပြုအမူမျိုး
ချင်းဟော့သူ့ အပေါ်လုပ်လိမ့်မယ်လို့ တကယ်မထင်မိခဲ့ဘူး။
သူပြန်ရောက်လို့  ရိပေါ်ကိုဘယ်လိုမျက်နှာမျိုးနဲ့
မျက်နှာချင်းဆိုင်ရမှာလဲ သူမတွေးတက်တော့။

ဖန်စအားလုံးကိုပုဝါနဲ့ထုတ်အပြီးထရန်အပြင်

ချင်းဟော့က ခပ်ထွေထွေမျက်ဝန်းများဖြင့်
သူ့ ကိုငေးကြည့်ပြီး

"ge"

အက်ရှသောအသံဖြင့်ခေါ်လေတယ်
သူ့ ရဲ့အသံမှာ စိတ်မကောင်းဖြစ်ခြင်း သူပြောမပြတက်တဲ့ကြောက်ရွံခြင်းများ
ရောနှောပါလေတယ်။

"ge ကျနော်မရည်ရွယ်ခဲ့ပါဘူး
geနဲ့ခွဲရတော့မယ်ဆိုတဲ့အသိကြောင့်
ကျနော့်ကိုယ့်ကိုကိုယ်မထိန်းလိုက်နိုင်ဘူး
ge ရုတ်တရတ်ကြီးလက်ခံနိုင်ဖို့ ခက်ခဲမယ်ဆိုတာ
သိပင်မဲ့ဒါgeအပေါ်ကျနော့်ရဲ့စိတ်ရင်းပါ"

ထင်မထားတဲ့ဝန်ခံမှုကြောင့်
ရှောင်းကျန့်ချင်းဟော့ ရှေ့ အတော်ကြာတဲ့ အာစေးမိသလိုနှုတ်ဆိတ်နေနေမိတယ်

"ခင်မင်မှုကိုအခွင့်ကောင်းယူပြီး
ဒီလိုစကားပြောလို့  geမကျေနပ်ရင် ထိုးရင်ထိုးရိုက်သတ်ချင်ရင်ရိုက်သတ်ပစ်
geစိတ်ပြေသလိုလုပ်နိုင်ပင်မဲ့ အခုလိုကြီး
အခုလိုကြီးဘာမှမပြောဘဲနဲ့တော့မနေပါနဲ့geရယ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ