Zawgyi
"နည်းနည်းလောက်တော့ စားပါကွာ
ဒါမင်းကြိုက်တဲ့ဖက်ထုပ်လေ ငါကိုယ်တိုင် မနက်ထဲကထပြီး မင်းကိုစားစေချင်လွန်းလို့ တန်းစီဝယ်လာတာ""ငါမဆာသေးလို့ ပါယွီပင်းရာ"
လှုပ်လီလှုပ်လဲ့စက်ချုပ်နေတဲ့ရှောင်းကျန့်ကို
ယွီပင်း အစာချော့ကျွေးနေသည်မှာနာရီဝက်ခန့်ရှိပြီ"မင်းမဆာတာ ဘယ်နှရက်ရှိနေပြီလဲ"
"ဒါလေးပြီးရင် ငါထစားလိုက်မယ်
လုံးလုံကိုပေးခဲ့ ဟုတ်ပြီလား"အားနည်းဖြူဖျော့ကာ လေတိုက်ရင်လဲကျတော့မဲ့
ခန္ဓာကိုယ်ကိုမစားမသောက်အလုပ်ဘဲစွပ်လုပ်နေတဲ့ ရှောင်းကျန့်ကို ယွီပင်းတကယ်ဒေါသထွက်နေလေပြီ"မယုံဘူးရှောင်းကျန့် ငါမင်းကိုမယုံတော့ဘူး
မင်းကိုယ်တိုင်ငါ့မျက်စိရှေ့ မှာစားပြမှယုံမယ်
မင်းအစားမစားတာဘယ်နှရက်ရှိနေပြီလဲဆိုတာ လုံးလုံငါ့ကိုတိုင်ထားပြီးပြီ""ငါ… စားချင်စိတ်မရှိဘူး"
"စားချင်စိတ်မရှိလို့ မရဘူး
မင်းဒီလိုသာဆက်လုပ်နေရင်
ကြာရင်လဲသွားလိမ့်မယ် ခေါင်းမမာစမ်းနဲ့!!"ကောင်းချွီချက်ပေးတဲ့ဟင်းတွေလဲ
သိုးလို့ အကုန်ပစ်လိုက်ရတယ်ဆို
မင်းကွာ သူခဗျာအလုပ်တဖက်နဲ့
မင်းအတွက်တကူးတကလုပ်ပေးတာကိုမင်းမို့ လို့ ""ငါ တောင်းပန်ပါတယ်"
ယွီပင်းဒေါသထွက်ပင်မဲ့ ရှောင်းကျန့်ရဲ့
တောင်းပန်းတိုးလျှိုတဲ့မျက်ဝန်းတွေနဲ့ဆုံခိုက်
အပြစ်တင်စကားဟာနှုတ်ကထပ်ထွက်မလာတော့ချေ။"ယွီပင်း"
မီးဖိုထဲကနေကောင်းချွီရဲ့ မျက်နှာရိပ်မျက်နှာကဲပြမှုကြောင့်
ယွီပင်း ရှောင်းကျန့်နားက ထထွက်သွားလေ၏။"ရှောင်းကျန့် မင်းဘာဖြစ်နေလဲငါကိုပြော"
ကောင်းချွီဟာ ကိုင်းညွှတ်ထားတဲ့ပခုံးတွေကို
ပုတ်ပေးရင်း မေးတယ်"ငါ...ငါ"
"ရှောင်းကျန့် မင်းရိပေါ်နဲ့ထပ်တွေ့ လာတာတော့
မဟုတ်ဘူးမှတ်လား"