အပိုင်း၁၀(Zaw+Uni)

1.8K 187 47
                                        

💚Zawgyi❤

"ဆရာမ ရိပေါ်လေး!!

"Aww ဝမ်ရိပေါ်ရဲ့အုပ်ထိန်းသူထင်တယ်
ဝမ်ရိပေါ်ကကျောင်းအုပ်ကြီးရုံးခန်းမှာပါ"

"ဟုတ်ကဲ့ ကျေးဇူးပါ"

ရိပေါ်လေးအခန်းက ဆရာမပြောလိုက်တာကြောင့်
ကျန့်ကျန့်လဲ ရင်တုန်ပန်းတုန်ဖြင့် ကျောင်းအုပ်ကြီးရုံးခန်းဆီသို့ 

ကျောင်းအုပ်ကြီးရုံးခန်းရောက်တော့
အသက်ခပ်ငယ်ငယ်ဆရာမတယောက်က
ငိုယိုလို့  ရိပေါ်လေးကတော့ခုံပေါ်မှာ
မှုန်တေတေလေးနဲ့ ထိုင်နေတယ်

"ရိပေါ်လေး"

"Aww ရောက်လာပြီလား
ထိုင်ပါ ထိုင်ပါ"

"ဆရာကြီး ရိပေါ်လေးဘာများ......"

"ကလေးက အတန်းပြောင်းခိုင်းနေတယ်"

"ဗျာ!

"ဟုတ်တယ် ရိပေါ်လေးကကျောင်းတက်တာ
၃လဘဲရှိသေးတယ် သူ့ ကိုအတန်းပြောင်း
ခိုင်းနေတယ်"

ကျန့်ကျန့်ရိပေါ်လေးကိုကြည့်တော့
မှုန်တေတေလေးနဲ့ သူ့ ခြေထောက်လေးကို လိမ်ကာထိုင်နေတယ်

"ဒါနဲ့ ဆရာမက သူ့ ကို အတန်းရဲ့နောက်ဆုံးတန်းကနေ
တတိယတန်းကိုနေရာလဲပေးလိုက်တယ်
သူကဒါလဲမဟုတ်ပြန်ဘူး သူကအတန်းကျော်တက်ချင်တာ
အထက်တန်းတက်ချင်တာတဲ့"

ကျန့်ကျန့်မျက်လုံးပါပြူးတယ်
အခုမှကျောင်းတက်တာ ၃လကျော်ဘဲရှိသေးတဲ့
မူလတန်းကျောင်းသားလေးက အထက်တန်းတက်ချင်တာတဲ့
ဘယ်လိုတောင်ရဲတင်းတဲ့ တောင်းဆိုချက်ကြီးလဲ

"ဒါနဲ့ ဆရာမက..."

ဘေးကငိုနေတဲ့ဆရာမကို ကျန့်ကျန့်မေးငေါ့ပြတော့

ဆရာမက ငိုနေရာကမကျေမချမ်းထပြောတယ်

"ဝမ်ရိပေါ်က ကျမကိုအင်္ဂလိပ်စာသေချာမသင်ခဲ့ရဘူးလားတဲ့
ပြီးတော့ကျမအသံထွက်က စားသောက်ဆိုင်က
သေခါနီးဘဲလိုအသံတဲ့အီး...ဟီးးး"

ကျန့်ကျန့်လဲဒေါသထွက်ကာ
ရိပေါ်ကိုအံကြိတ်ပြလိုက်တယ်

"ရိပေါ်!!

သူ့ ခေါ်သံကြောင့် ခေါင်းငုံ့ နေတဲ့
ရိပေါ်လေးကခေါင်းထောင်ကြည့်ကာ
သနားစဖွယ် မျက်နှာလေးနဲ့ မဝံ့မရဲဆိုတယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora