💚Zawgyi❤
"Xiao ge!!
"Aww ရှင်းဖန်တို့ လာလေ"
ဖိနပ်ကော်သုတ်နေရင်း ရှောင်းကျန့်စိတ်မပါလက်မပါဖြေတယ်"Xiao ge အကျီတွေကပ်ကုန်ပြီ"
"ဟမ်! သွားကုန်ပြီ"
ရှင်းဖန်အော်တော့မှရှောင်းကျန့် သူအကျီကိုကော်တွေကပ်ကုန်မှန်းသိတော့တယ်"ဒီနေ့ Xiao ge စိတ်နဲ့လူနဲ့မကပ်ဘဲ
အကျီနဲ့ကော် ကပ်နေပါလား"
ရှင်းချန်က ချွတ်နောက်နောက်စနေပင်မဲ့
ရှောင်းကျန့်ကတော့ မျက်နှာမကောင်းဘူးလင်းယိက ဟိုကြည့်ဒီကြည့်ဖြင့်
"Xiao ge ရိပေါ်လဲမတွေ့ ပါလား ဘယ်သွားလဲ"
"မင်းတို့ သူငယ်ချင်းလေ ပြောလို့ လဲမရဘူး
ခေါင်မိုးပေါက်နေတာ လူငှားနဲ့လုပ်ပါမယ်ဆို
သူကိုယ်တိုင်တက်ဖာနေတယ်မတော်လို့ ပြုတ်ကျပြီး ခြေတွေလက်တွေကျိုးပဲ့ကုန်မှ"လင်းယိက
"Xiao geရယ် ဝမ်ရိပေါ်က ကလေးမဟုတ်တော့ဘူး
အစစအရာလိုက်တွေးပူမနေနဲ့
ပင်ပန်းတယ် လွှတ်ထားလိုက်"ထိုစဉ် အကျီကျွတ်နဲ့ရိပေါ်က ပခုံးပေါ်ထမ်းလာတဲ့လှေကားကို
ဆိုင်ရှေ့ မှာပစ်ချလိုက်ကာ ဆိုင်ထဲဝင်လာတယ်"ကိုကို တွေ့ လား ကျနော်ဘာမှမဖြစ်ဘူး
အခုလိုကျနော်လုပ်လိုက်တော့
ကိုကိုငွေကုန်သက်မသာသွားဘူးလား"ရိပေါ်ပြောတော့ ကိုကိုကမကျေမချမ်းဆိုတယ်
"ငွေကုန်သက်သာတာထက်
မင်းမတော်လို့ ပြုတ်ကျသွားမှာကို ရင်တမမနဲ့စိုးရိမ်လွန်းလို့ ဒီမှာဖိနပ်လာချုပ်နေတာ အခုတော့အကုန်အလွဲလွဲအချော်ချော်ဖြစ်ကုန်ပြီ"
ကိုကိုက လက်ထဲကဖိနပ်ကိုစိတ်မရှည်စွာ ပစ်ချလိုက်ရင်းဆိုတယ်ကိုကိုရဲ့စိတ်ဆိုးဟန်အမူအယာကြောင့်
ရိပေါ်ပြုံးရင်း ခုံပေါ်ထိုင်နေတဲ့ကိုကိုရှေ့ 
ဒူးထောင်ထိုင်ကာ ကိုကိုလက်လေးကိုင်လျှက်
ချိုသာစွာဆိုတယ်"ကိုကိုရယ် ကျနော်ကလေးမဟုတ်တော့ဘူး
ကိုကိုအားကိုးလို့ ရမဲ့အရွယ်ရောက်နေပြီ
အဲဒါကြောင့် အစစအရာရာလိုက်မပူပင်နဲ့တော့ နော်
ကျနော် ကိုကိုပင်ပန်းမှာစိုးလို့ ပါ"