Zawgyi
"နိုင်နိုင်း ကျေးဇူးပြုပြီး တခုလောက်မေးပါရစေ"
ပန်းပင်ညှပ်နေတဲ့အဖွားအိုဟာ သူ့ ရှေ့ လာရပ်တဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးကောင်လေးကို စူးစမ်းသလို ခေတ္တငေးကြည့်အပြီးမှာ ထိုအမေးကို ခေါင်းညိမ့်လက်ခံလိုက်တယ်
"ဒီဘေးအိမ်မှာ လွန်ခဲ့တဲ့၂၅နှစ်ကျော်လောက်က နေသွားတဲ့သူကိုများ နိုင်နိုင်းမှတ်မိလောက်သေးလားခင်ဗျာ့"
အဖွားအိုမှာ ဝိုးတဝါးမှတ်ဥာဏ်ကို
ပြန်လည်ပုံဖော်နေရင်း ခေတ္တမှစဉ်းစားပြီးမှ"ရှောင်းဟန်ကိုပြောတာလား
ရှောင်းဟန်တို့ ကိုတော့သိတယ် ဒါပင်မဲ့ ရှောင်းဟန်ဆုံးသွားတာကြာလှပြီ
သူမိန်းမထွက်သွားပြီးဘယ်လောက်မှမကြာလောက်ဘူးဆုံးသွားတာ သူတို့ သားလေးကတော့ ရှိအုံးမယ်ဆိုလူလေးအရွယ်လောက်ဘဲ ရှောင်းဟန်ဆုံးပြီး ဒီအိမ်ကိုရောင်းသွားပြီးထဲက
သူတို့ နဲ့ပတ်သက်ပြီးဘာသတင်းမှ
ထပ်မကြားရတော့ဘူး"နားထောင်နေတဲ့ရှောင်းကျန့်မျက်ဝန်းတွေဟာ
မျက်စိရှေ့ ကအိမ်လေးကိုငေးကြည့်ရင်း
လွမ်းတငွေ့ ငွေ့ ရယ်ဝမ်းနည်းနေပုံပေါ်တဲ့ ကိုကို့ ပုံစံကိုကြည့်ပြီး
ရိပေါ်မနှစ်မြို့ ချေ။ဖြစ်နိုင်ရင် နာကျင်စရာဒီအတိတ်တွေထဲက
သူ့ ကိုကို့ ကိုရုန်းထွက်စေချင်တယ်ဒီအတိတ်တွေထဲက ဝမ်းနည်းနာကျင်မှုတွေထဲ
ကိုကို့ ကိုပြန်မသွားစေချင်ပင်မဲ့ကိုကိုကိုယ်တိုင်က
သူ့ ကိုစွန့်ပစ်တဲ့သူကို ပြန်ရှာဖို့ အစွမ်းကုန် စိတ်အားထက်သန်နေလို့ သာခွင့်ပြုပေးထားတာ"ကျနော့်အပြင် အမျိုးသမီးတယောက်ယောက်များ
သူတို့ သားဖအကြောင်းလာစုံစမ်းသေးလား""အမျိုးသမီး?
ရှောင်းကျန့် အဖွားအိုဆီမှအဖြေကို
မျှော်လင့်တကြီးစောင့်ဆိုင်းရင်းခေါင်းညိမ့်ပြလိုက်၏။"အမျိုးသမီးတော့ မသိဘူးကွဲ့ 
တလောကတော့ မင်းလောက်ရှိမဲ့ ကောင်လေးတယောက် နာရီလေးပြပြီး ရှောင်းကျိမ့်ဆိုတဲ့ကလေးကိုတော့လာရှာသေးတယ်"