အပိုင်း၅၁(Zaw+Uni)

1.9K 168 40
                                        

Zawgyi

ရှည်လျားကော့ညွှတ်နေတဲ့
မျက်တောင်စိပ်စိပ်လေးတွေက
ပင်ပန်းနွမ်းနယ်မှုကြောင့် ကုတင်ကိုမှီထားလျှက်
မှေးစက်နေသည်မှာသူ့ အနားတညလုံးပြုစုထားရဟန်။

ဒီပုံစံအတိုင်းသာ ဆက်အိပ်နေလျှင်
မသက်မသာနှင့်ကိုကိုဇတ်နာမည်ဆိုတာကြောင့် ရိပေါ်ကိုကိုပါးလေးကိုဖွဖွပုတ်၍ နှိုးလိုက်တယ်

"ကိုကို ထထ ဘာလို့ ကုတင်ပေါ်တက်မအိပ်တာလဲ"

"အင်း ကိုကိုအိပ်ပျော်သွားတယ်ထင်တယ်"

"ဖြေးဖြေး ဖြေးဖြေး ကိုကိုထူပေးမယ်
လက်မောင်းက ဒဏ်ရာကချုပ်ထားရတာ
ချုပ်ရိုးပြန်မပွင့်အောင် သတိထားဂရုစိုက်နေမှရမယ်"

ရှောင်းကျန့်ရိပေါ်ထိုင်နိုငဖို့ အတွက်
တွဲကူပေးပြီးမျက်နှာသစ် ရေပက်တိုက် ကိုယ့်လက်သန့်ရှင်းရေးလုပ်ပေးလေတော့တယ်

သူနေမကောင်းတဲ့အချိန်အတောအတွင်း
ကိုကိုကအချိန်တိုင်း သူ့ အနားနေအသေးအဖွဲ့ အစ သေချာဂရုစိုက်ပြီးမခွဲအတူရှိပေးနေတော့ နေမကောင်းဖြစ်ရတာ ဒီလောက်တောင်ကောင်းမှန်း
ရိပေါ်သိသွားတော့၏။တဆက်ထဲမှာဘဲ
သူ့ လက်မောင်းကိုဓားနဲ့ထိုးခဲ့တဲ့ဗလကြီးကိုတောင်
ငွေပုံပေးချင်တဲ့အထိအတော်လေးကျေးဇူးတင်သွားတယ်။

"ရိပေါ် ကိုကိုအောက်ထပ်မှာ
မင်းစားဖို့ ဆန်ပြုတ်လေးသွားပြန်နွှေးပေးမယ်"

ကုတင်ဘေးကအထ မတ်တပ်ရပ်လိုက်တဲ့သူ့ ကို
ရိပေါ်ကကောင်းနေတဲ့လက်တဖက်နဲ့ရုတ်တရတ်
ဆက်ခနဲပြန်ဆောင့်ဆွဲလိုက်တော့သူဟာအလန့်တကြားဖြင့် ရိပေါ်ရင်ခွင်ထဲကျသွားသည်မှာ ပုံစံခွက်ထဲ လှိမ့်ဝင်သွားသည့် မုန့်လုံးလေးအလား
သန်မာလွန်းတဲ့ရင်ခွင်ကျယ်ထဲအန်ဝင်ဂွင်ကျစွာပင်။

တလက်လက်တောက်နေတဲ့ မျက်ဝန်းညိုလေးက
အလန့်တကြားသူ့ ကိုပြူးကြောင်ကြောင်လေး
စိုက်ကြည့်တော့ ရိပေါ်ကိုကို့ ကိုထွေးဖက်ထားရင်းက မထီတရီပြုံး၍မေးလိုက်တယ်

"ချစ်သူတွေတောင်ဖြစ်နေပြီ
Morning kissလေးမပေးချင်ဘူးလား ကိုကို"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now