အပိုင်း၃၂(Zaw+Uni)

1.2K 145 32
                                    

💚Zawgyi❤

24နာရီလုံးအပြစ်တင်ကြိမ်းမောင်းသံ၊
တောင်းပန်တိုးလျှိုး ငိုကြွေးသံတွေပြည့်လျှံနေတဲ့ဝန်းကျင်
ခပ်ဝေးဝေးကလာတဲ့အလင်းရောင်ဖျဖျသာရှိတဲ့
သူရှိရာအမှောင်ဘက်အခြမ်း။

ဝန်းကျင်တလျှောက် တဝီဝီအော်မြည်နေသည့် ခြင်ဆိုသည့်သတ္တဝါများကလဲအလှူပေးကုသိုလ်ပြုနေ
သည်ထင်သည့်အလား ဖွဲနဲ့ဆုပ်ပက်နေသည့်နှယ်
မှောင်ရိပ်ကိုခိုကာ တွေ့ သမျှသားကောင်ကို အသည်းအမဲဝိုင်းဝန်းအမဲဖြတ်လျှက်ရှိနေ၏။

ဘဝမှာတကြိမ်တခါကုသိုလ်လုပ်တယ်တွေးပြီး
ထိုသတ္တဝါတွေကိုရိပေါ် အလုပ်ရှုပ်ခံရိုက်မနေတော့။
ဝမ်းအပြင်အိတ်အပိုမပါဘူး
သူတို့ ကိုက်နိုင်သလောက် ကိုက်သွားကြပါစေ။

နောက်ကျိနေတဲ့ခေါင်းကို နံရံမှာမှီထားရင်း
သံတိုင်တွေဆီသူအကြည့်ရောက်မိတော့
ငိုနေတဲ့ကိုကို့ ပုံရိပ်ယောင်လေး။

"ကျစ်"

ခေါင်းကိုရမ်းခါပစ်၍အလိုမကျစွာ စုတ်သပ်လိုက်၏

သူကိုကို့ ကိုပြည့်ပြည့်စုံစုံချမ်းချမ်းသာသာ
ထားချင်တယ်။ကျောင်းတဖက်နဲ့ကိုယ်ပိုင်လုပ်ငန်း
စလုပ်မယ် ချန်geကသူ့ ရဲ့လုပ်ငန်းအကောင်အထည် ပေါ်ဖို့ အတွက်အဓိကထောက်ပံ့ရှယ်ယာဝင်ပေးမဲ့
ထောက်ပံ့သူ။ အကုန်လုံးအစီအစဉ်တကျရှိနေခါမှ
ထင်မထားတဲ့ပြသာနာကမထင်မှတ်ဘဲကြီးထွားသွားသည်။

သူနဲ့ပတ်သတ်ပြီး ကိုကို့ ကိုလူအများကြားထဲ
ဂုဏ်ရှိပြီးတင့်တင့်တယ်တယ်ဘဲဖြစ်စေချင်ခဲ့တာ
အခုလို ကိုကိုနဲ့မအပ်စပ်တဲ့နေရာမှာ
လာမျက်ရည်ကျနေစေဖို့ မဟုတ်ခဲ့။

ဖန်ဂေါ်လီလုံးလေးပမာတောက်ပလွန်းတဲ့
မျက်ဝန်းအိမ်ကြည်တောက်တောက်လေး။
ကော့ညွှတ်ရှည်သွယ်နေတဲ့မျက်တောင်ဖျားစိပ်စိပ်ကနေ မှိတ်ချလိုက်တိုင်းယိုစိမ့်ကျလာတဲ့ ပုလဲမျက်ရည်ဥလေးတွေ…

မြင်ကွင်းက ရူးလောက်အောင်လှပလွန်း၏။
ကိုကို့ ပါးပြင်ပေါ်ပုလဲလုံးလေးတွေ
ခကြွေရတဲ့တရားခံဟာလဲ သူပင်ဖြစ်တယ်။
မျက်ရည်တွေနဲ့ကိုကိုဟာ တုနှိုင်းမရအောင် လှပသေည်ငြား ကိုကိုမျက်ရည်တွေကို သူမုန်းသည်။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now