Zawgyi
"ဒီအတိုင်း ပုံစံတူအားလုံးယူမယ်"
ဘောင်းဘီအိတ်ကပ်ထဲကရွှေရောင်ကတ်တခုအား
smartကျစွာ သူထုတ်ပေးလိုက်တော့
အားကျမှုအပြည့်နဲ့မှင်သက်ငေးမောနေတဲ့ အရောင်းဝန်ထမ်းမိန်းလေးဟာ
သူအားမှင်သက်စွာငေးကောင်းနေတုန်းပင်။ထို့ နောက် ငွေရှင်းကောင်တာနားထိ
ကိုကိုက လိုက်လာပြီးညှိုးငယ်စွာ"ကိုကို့ အတွက် တစုံရှိရင်လုံလောက်နေပြီ
တထည်တောင် တော်တော်လေးဈေးများနေပါပြီ""အကျီတထည်အတွက်နဲ့ဈေးနှုန်းကြည့်ပြီး
သက်ပြင်းရှည်ချစရာမလိုတော့ဘူး ကိုကို
လိုချင်တာရှိရင် ဝယ် ကြိုက်သလောက်သာ စိတ်ကြိုက်ဝယ်ပစ်စမ်းပါ ဒီကောင်က ကိုကိုလိုသမျှကို ဖြည်ဆည်းပေးမှာမို့ 
ကိုကို့ တာဝန်က မောင်ရှာသမျှကိုထိုင်သုံးပေးရုံဘဲ"သူနည်းနည်းလေးမျက်လုံးဝင့်မကြည့်လိုက်နဲ့
ထိုပုံစံအတိုင်းအရောင်သာကွဲတဲ့
ဒီဇိုင်းအားလုံးပစ္စည်းအားလုံးဟာ ငွေရှင်းပြီးသား။ရိပေါ်ဟာ အရောင်းဝန်ထမ်းမလေးအား ထပ်မံ၍
"ပြောတဲ့အတိုင်း အကုန်ထုတ်လိုက်"
"ဟင် အင်း အဲလောက်ကြီးမလိုပါဘူး
မင်းဟာက အလကားသက်သက်ငွေဖြုန်းသလိုကြီး""ဖြန်းတာမဟုတ်ဘူး သုံးတာကိုကိုရဲ့
ငွေဆိုတာ စိတ်ပျော်ရွှင်ဖို့ အတွက်ဇိမ်ခံသုံးတာ
အခုကျနော်အရမ်းစိတ်ပျော်ရွှင်နေတယ်လေ"ထို့ နောက်မျက်လုံးကိုwinkလုပ်ကာ
ယုံကြည်မှုရှိစွာပြောသည်က"ကိုကိုသာ အလိုရှိရင် ဒီကကိုကို့ ကောင်လေးက
အရာအားလုံးကို ဟတ်ချလောင်းဆိုပြီး
ဖန်တီးပေးနိုင်တဲ့ ဟိုင်းဘောစိတယောက်ဆိုတာ
ကိုကိုမမေ့လိုက်နဲ့""ဒါပင်မဲ့…"
"ဒါပင်မဲ့တွေမလိုချင်ဘူး သွားစို့ ကိုကိုရာ
အတူရှိရမဲ့အချိန်တွေနှောင့်နှေးတယ်"ငွေကုန်ရဖို့ က တက်ကြွနေတဲ့ရိပေါ်ကို
ရှောင်းကျန့်တကယ်မနိုင်ပေ။အသုံးလိုသည် မလိုသည်မတွက် သူ့ အတွက် ဝယ်ပေးနေရရင် ကျေနပ်ပျော်ရွှင်နေတဲ့ရိပေါ်ကြောင့်
သူတားလဲတားမရပေ။