Zawgyi
"ကျန့် ကျန့်  ဒီဟာလေးကိုဘာလို့ ခေါ်လာတာလဲ"
ကလေးအားသူ့ အိပ်ခန်းသူမပို့ ဘဲ
သူတို့ အခန်းထဲခေါ်တာကြောင့် ကုချီစာအုပ်ဖတ်နေရင်းကနေလှမ်းမေးလိုက်တယ်ကုချီစကားကြောင့် ကလေးမှာမသွားဘူး
ငြင်းဆန်ဟန် ကျန့် ကျန့် ဘောင်းဘီစကို ပိုတင်းအောင်ဆုပ်ကိုင်ထားတယ်ကျန့် ကျန့်ငြင်းဆန်နေတဲ့ကလေးမျက်နှာကို ကြည့်ပြီးကုချီကိုအပြုံးလေးနဲ့ ပြောလိုက်တယ်
"ကလေးကသိပ်ကြောက်နေတာ ငါလဲမထားခဲ့ရက်တာနဲ့…"
"ကျန့် ကျန့် မာမားယန်ရဲ့စည်းကမ်းကို မင်းလဲသိတယ်နော်"
ကလေးကိုသနားပင်မဲ့မာမားယန်ရဲ့စည်းကမ်းကို
ကြောက်တာကြောင့်ကျန့်ကျန့်ကလေးကိုဖြောင်းဖြဖို့ လုပ်တော့ ကလေးက ခေါင်းအတွင်တွင်ရမ်းခါရင်း
သွားဖို့ ငြင်းဆန်ပြန်တယ် မတက်သာတဲ့အဆုံး"တရက်တလေဘဲ ကုချီရာ
မနက်ကိုငါတို့ ကအစောဆုံးထရတာဘဲ
မင်းမပြောရင်ဘယ်သူ့ မှမသိပါဘူး
ကလေးကဒီနေရာနဲ့ စိမ်းနေတော့ ကြောက်နေရှာမှာ သူတွေ့ ကြုံခဲ့တာတော်ရုံမှမဟုတ်ခဲ့တာ
သနားပါတယ်""မင်းဇာတ်မင်းနိုင်ရင်ပြီးတာပါဘဲ
ငါတော့အိပ်ပြီ မင်းအိပ်ရင်ညအိပ်မီးပိတ်ဖို့ မမေ့နဲ့ "တယောက်စာကုတင်ကျဉ်းကျဉ်းလေးထဲ
ကျန့် ကျန့် ကလေးနဲ့ သူ့ အပေါ် စောင်လွှားခြုံလိုက်ပြီးအေးမှာစိုးတာကြောင့်
ကလေးကိုဖက်ထားလိုက်တော့ ကလေးကလဲသူ့ ကို တင်းတင်းပြန်ဖက်ထားတယ်ခဏကြာတဲ့အထိခေါင်းလေးကိုပွတ်သပ်ပေးလိုက်တော့ကလေးကအသက်ရှူမှန်မှန်လေးနဲ့အိပ်ပျော်သွားတယ်။
*Aww နွေးထွေးမှုလိုနေရှာပါလား*
၂ရက်ရှိပြီ ကလေးကကျန့် ကျန့် အနား
ကော်နဲ့ ကပ်ထားသလိုဘယ်သွားသွား ဘောင်းဘီစဆွဲကာတကောက်ကောက်လိုက်တယ်တနင်္လာနေ့ သူကျောင်းသွားတော့
ဂေဟာရှေ့ ကဒန်းလေးမှာမျက်နှာငယ်လေးနဲ့ သူပြန်လာတဲ့အထိမျှော်လို့ သနားလဲသနားပါတယ်