အပိုင်း၁၉(Zaw+Uni)

2.2K 155 26
                                    

💚Zawgyi❤

"ရော့ ဒါယူသွား"

ရှောင်းကျန့် ဒူးထောက်ရပ်သားရိပေါ်ရှေ့ 
စာအုပ်ငယ်တအုပ်ပစ်ချပေးလိုက်တယ်

ရိပေါ်သူ့ ရှေ့ ကျလာတဲ့ စာအုပ်ငယ်လေးကို ယူကြည့်တော့မနည်းမများလွန်းသောပမာဏရှိတဲ့
ငွေစုစာအုပ်လေးဖြစ်နေတယ်

ရိပေါ်မဝံ့မရဲဖြင့် ကိုကို့ ကိုဖြေးဖြေးချင်း မျက်လုံးလှန်ကြည့်တော့

ကိုကိုက

"မင်းလိုချင်တဲ့ဆိုင်ကယ်နက်ဖြန်သွားဝယ်လိုက်"

ရိပေါ်နားမလည်စွာမျက်ရည်လည်ရင်း

"ကိုကို"

ရှောင်းကျန့် သူ့ လုပ်ရပ်ကိုနားမလည်ဟန်ဖြစ်နေတဲ့ ရိပေါ်ကိုကြည့်ပြီးအတက်နိုင်ဆုံးဒေါသကိုထိန်း သက်ပြင်းချကာဖြေးအေးစွာပြောလာတယ်

"ဒီပမာဏဆို ရလောက်ပြီလို့ ငါထင်တယ်"

ကိုကိုက ဆက်ပြောလာတယ်

"ငါမင်းကို အသက်ပြည့်ရင်ဝယ်ပေးဖို့ 
အစထဲကတွေးထားပြီးသား
ဒါကို မင်းက မစောင့်နိုင်ဘဲ ဒီလိုအသက်အန္တရာယ်နီးတာတွေ…"

"တောက်!!!

စိတ်အေးအောင် အကြိမ်ကြိမ်စိတ်လျော့ထားပင်မဲ့
လေပေါ်မှာကြိုးတချောင်းထဲနဲ့မှန်သုတ်နေတဲ့ရိပေါ်ရဲ့
ပုံကိုပြန်မြင်လိုက်တော့ ရှောင်းကျန့်ကိုယ်ကဒေါသကြောင့်တုန်ရီလာကာ

"တကယ်တော့ ဒီပိုက်ဆံက
မင်းတနေ့ အိမ်ထောင်ပြုတဲ့အခါ
မင်းမျက်နှာမငယ်စေဖို့ "

ကိုကိုအသံကပြောရင်မာန်ပါလာကာ

"ငါရဲ့ ငါရဲ့မင်္ဂလာလက်ဖွဲ့ …"

ရှောင်းကျန့်သူရင်ဘတ်သူပုတ်ကာ

"ငါကလေ ငါကမချမ်းသာပင်မဲ့
မင်းအတွက် မင်းအနာဂတ်အတွက်
အကောင်းဆုံးတွေကိုဖြည့်ဆည်းပေးချင်ခဲ့တာ"

"သူများအိမ်ရဲ့အဖိုးတန်သမီးကိုယူပြီး
ဒီတိုက်ခန်းအစုတ်လေးမှာထားလို့ မဖြစ်ဘူးကွ"

"ကိုကို"

"မတက်နိုင်ဘူး မင်းသိပ်သဘောကျနေမှတော့
ဝယ်လိုက်တော့ ငါလဲဆက်ပြီးခြိုးခြံချွေတာနေစရာ
မလိုတော့ဘူး ဒါမင်းအတွက်စုထားတာဘဲ
မင်းသဘောအတိုင်း ကြိုက်တာသာလုပ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now