Unicode
(Unicodeဖတ်မရဘူးဆိုလို့ထပ်ပြောင်းပေးထားပါတယ်
ဖတ်လို့အဆင်ပြေမပြေတချက်ပြောပေးကြပါအုံး)မျက်လုံးဖွင့်ဖွင့်ချင်းမြင်ရတာက
သူနဲ့မရင်နှီးတဲ့နေရာစိမ်းတခု။ခမ်းနားလှတဲ့အနုစိတ် ကနုတ်ပန်းမျက်နှာကျက်၊
သူအောက်ကနူးညံ့အိစက်လှတဲ့ဖြူစွက်စွက်မွေ့ယာ၊
နာကျင်နေတဲ့ဇတ်ပိုးကိုအသာဖိ၍ဝန်းကျင်ကို ထပ်မံစူးစမ်းကြည့်တော့သူ့ခြေထောက်အောက်က နင်းရက်စရာမရှိတဲ့ရွှေရောင်ကျောက်ပြား၊ ရှေးဘုရင်တွေရဲ့သလွန်တော်နဲ့ တောင်ဆင်တူတဲ့ ရွှေရောင်ကနုတ်ပန်းကုတင်ကြီး။
အခန်းထဲရှိစားပွဲ၊ထိုင်ခုံ၊အခန်းတွင်းအသုံးအဆောင်နဲ့
တံခါးလက်ကိုင်ပြတင်းပေါက်ဘောင်ကအစ ရွှေရောင်ကနုတ်ပန်းများဖြင့်အနုစိတ်စီခြယ်ထားသည်။မြင်မြင်သမျှဟာ ရွှေရောင်တလက်လက် တောက်နေပြီးကိန်းကြီးကမ်းကြီးနိုင်လွန်းလှ၏။
"ကျစ် မျက်စိကျိန်းတာ"
အလိုမကျစွာစုတ်သပ်လိုက်ပြီး သူသတိမမေ့ခင်
နောက်ဆုံးအချိန်ကိုပြန်တွေးကြည့်မိတော့
သူသတိရှိတဲ့နောက်ဆုံးအချိန်ဟာ ဝမ်အဖိုးကြီးနဲ့သူ
စစ်ဆေးရေးခန်းထဲမှာစကားများနေခဲ့တာ။ဒါဆို…တွေးနေစရာပင်မလို။
သူရောက်နေတာ ဝမ်အိမ်တော်ပင်။တွေးစရာရှိတာက သူ့ကို ထောင်အရမ်းကျစေချင်နေတဲ့
ဝမ်အဖိုးကြီးက ဘာကြောင်းများ
သူ့ကိုဒီကိုခေါ်လာရသလဲ?ဝမ်အဖိုးကြီး နည်းဗျူဟာပြောင်းသွားပြီထင်ပါရဲ့။
ကုတင်ဘေးစားပွဲပေါ်က ဓာတ်ပုံတပုံ။
ူူသူကောက်ကိုင်ကြည့်တော့အပူအပင်မရှိ
ပျော်ရွှင်နေတဲ့ မိသားစုတစု။တဦးချင်းစီတိုင်းရဲ့
အပြုံးတွေက အသက်ဝင်လွန်းလှ၏။ဓာတ်ပုံကိုကိုင်ထားရင်း သူရှေ့က ကိုယ်လုံးပေါ်မှှန်ဆီအကြည့်ရောက်တော့
ဓာတ်ပုံထဲက ဖခင်ဖြစ်ဟန်အမျိုးသားနဲ့သူဟာ
အတော်လေးမျက်နှာပေါက်ဆင်လေ၏။မှန်ကိုကြည့်လိုက် လက်ထဲကဓာတ်ပုံကိုကြည့်လိုက်
လုပ်နေတုံး တံခါးခေါက်သံဆက်ဆက် ထွက်ပေါ်လာတယ်