အပိုင်း၂၉(Zaw+Uni)

1.3K 139 27
                                    

💚Zawgyi❤

ဆေးရုံကသွေးလှူပြီးအပြန်ရိပေါ်က
ခေါင်းတရိပ်ရိပ်မူးတယ်ဆိုတာကြောင့်
ရှောင်းကျန့်သူ့ လက်ထက်အတော်ကြီးတဲ့ ရိပေါ်လက်ကိုအပေါ်ကနေဆုပ်ကိုင်ပြီး
သူ့ ပခုံးပေါ်ကိုတော့ ရိပေါ်ကိုမှီစေလိုက်တယ်

Busမစီးတော့ဘဲ အိမ်ကိုသာ အမြန်ပြန်ရောက်စေချင်တာကြောင့်
Taxiသာသူဌားလိုက်သည်။

Taxiပေါ်ရောက်တော့ ရိပေါ်ဇတ်နာမှာစိုးတာကြောင့်
ရှောင်းကျန့်ရိပေါ်ကိုသူ့ ပေါင်ပေါ်မှာလှဲအိပ်စေတယ်

မီးပွိုင့်မှာပိတ်မိနေတဲ့ ကားလမ်းကိုကြည့်ရင်း
ရှောင်းကျန့်ရတက်မအေးနိုင်ဖြစ်နေတယ်

'အိမ်အမြန်ရောက်ချင်လို့ Taxiငှားပါတယ်ဆိုနေ'

သူ့ ပေါင်ပေါ်ခွေခွေခေါက်ခေါက်လေးဝင်လှဲနေတဲ့
ရိပေါ်ဟာ သူ့ ဝမ်းဗိုက်ဆီပိုတိုးလာကာ
တိုးရှစွာ ညီးလေတယ်

"ကိုကို…မူးတယ်…အိမ်ပြန်ချင်တယ်"

ရှောင်းကျန့် ခေါင်းမူးနေရှာတဲ့
သူ့ ညီလေးခေါင်းလုံးလုံးလေးကို
သက်သာလိုသက်သာငြား ပွတ်သပ်ပေးရင်းက
Taxiမောင်းတဲ့ဦးလေးကြီးကိုလှမ်းပြောလိုက်တယ်

"ဦးလေး ပြန်လှည့်ပြီးအခြားလမ်းက
မောင်းလို့ ရရင်မောင်းလိုက်ပါ
ကျနော်Taxiခပိုပေးပါ့မယ်"

ရိပေါ်ကတော့ ကိုကို့ ဗိုက်သားချပ်ချပ်လေးကို
မထိတထိနမ်းရှုံ့ နေတာကိုအိမ်ပြန်ချင်ဇောကပ်နေတဲ့ ကိုကိုက သတိမမူမိပင်မဲ့နောက်ကြည့်မှန်ကနေ သူလုပ်သမျှကိုမြင်တွေ့ နေတဲ့ဦးလေးကြီးကတော့
သူ့ ကိုတအံ့တသြကြည့်နေတယ်။

ဒါနဲ့ရိပေါ်လဲ နှုတ်ခမ်းတဖက်ရွဲ့ ကာ့ ဦးလေးကြီးကိုဂျစ်ကန်ကန်ပြုံးပြလိုက်တယ်

ကိုကိုက အပြင်ကိုငေးရင်းကနေ

"ခဏလေးနော် ရိပေါ်လေး
အိမ်ပြန်ရောက်တော့မှာ"

အကိုဖြစ်သူက စိုးရိမ်တကြီးပြောတော့
ထိုကောင်လေးဟာ အစောက ဂျစ်ကန်ကန်ပုံစံနဲ့ လားလားမဆိုင်။ရောဂါခံစားနေတဲ့ သနားစရာဖွယ်ရုပ်လေး ပြန်ဖြစ်သွားပြန်တယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now