အပိုင်း၄၄(Zaw+Uni)

1.9K 195 79
                                        

Zawgyi

"လင်းယိ ဘယ်လိုဖြစ်ရတာလဲ"

စိုးရိမ်တကြီးမေးနေတဲ့ ရှောင်းကျန့်အမေးကို
ရောက်လိုဇောနဲ့အရှေ့ ကိုသာရှေးရှုရင်း
ကားမောင်းနေတဲ့လင်းယိပြန်ဖြေတယ်

"မနက်က သူနေမကောင်းလို့ အလုပ်မလာနိုင်ဘူး ဆိုပြီးဝမ်းသာလုံးဆို့ နေတဲ့အသံကြီးနဲ့ဖုန်းဆက်တာ
နေ့လည်ရောက်တော့ကျနော်သူ့ အစားmeeting
ဝင်နေတုန်း ဒရိုင်ဘာအသစ်ကလေးကငိုကြီးချက်မနဲ့
ကျနော့်ဆီဖုန်းခေါ်လာတယ် မီးပွိုင့်မှာကားခဏ
ရပ်ထားတုန်းဝမ်သခင်လေးပြေးဆင်းသွားပြီး သူများဆိုင်ကိုရိုက်ခွဲသောင်းကျန်းနေတယ်တဲ့ သူလဲဒဏ်ရာရထားလို့ ထိန်းမနိုင်တော့ဘူး
အမြန်လာပါဆိုပြီး"

ကြားရတဲ့သတင်းတွေကရှောင်းကျန့်ကို
ရင်တုန်ပန်းတုန်ရှိလှတယ်

"ဆိုးလိုက်တာ"

"ဒီကောင်က သွေးအရမ်းဆိုးတာ
ကျနော်သွားလဲ သူ့ ကိုတားနိုင်မှာမဟုတ်ဘူးကော
ဒီကိစ္စအကျယ်ကျယ်မဖြစ်အောင်companyက
သူ့ PAနဲ့လုံခြုံရေးတွေကြိုလွှတ်ပေးထားတယ်"

"ဝမ်သခင်ကြီးကိုအကြောင်းကြားဖို့ ကလဲ
လောလောဆယ်ဆယ်က ဘယ်လိုမှမဖြစ်နိုင်ဘူးလေ
အခုချိန်မှာသူ့ ကိုထိန်းနိုင်တာ ကောတယောက်ဘဲရှိတယ် အဲဒါကြောင့်
ကျနော်ကောဆီအမြန်ဆုံးအပြေးလာခဲ့တာ"

ရှောင်းကျန့်ရောက်သွားတဲ့အချိန်မှာတော့
ဝမ်ရိပေါ်ဟာ ဘော်ဒိုဇာကားကိုမောင်းချရင်း
ဆိုင်မျက်နှာစာကိုဖြိုချပြီးနေပြီ

အရင်က ဘာဆိုင်မှန်းမသိလောက်အောင်
ဆိုင်ရဲ့မျက်နှာစာဘက်တခြမ်းက လုံးလုံးလျားလျားပျက်စီးလျှက်။

အဆင့်အတန်းမြင့်မြင့်ဆိုင်ရှင်ဖြစ်ဟန်မိန်းမကြီးက မြေပြင်မှာမျက်ရည်ရွဲလည်ဖြင့်ယူကျုံးမရငိုယို။

လင်းယိကိုတွေ့ တော့ ဒရိုင်ဘာကောင်လေးက
ခြေထောက်စာစာဖြင့်ပြေးလာတယ်

"လင်းကော ထိန်းပါအုံး
ကျနော် ကျနော်တော့ ဝမ်သခင်လေးကို
အရမ်းလန့်နေပြီ လခမရရင်လဲနေပါစေတော့
ကျနော် ကျနော်အလုပ်ထွက်တော့မယ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteМесто, где живут истории. Откройте их для себя