အပိုင်း၂၂(Zaw+Uni)

1.2K 140 26
                                    

💚Zawgyi❤

ကိုကို ကျနော်ပေးတဲ့လက်ဆောင်ကို အဲလောက်တောင်သဘောကျလား"

"အချိန်တွေကြာနေပြီ မင်းအခုထိ
ကိုကို့ အပေါ်သတိတရရှိနေပေးလို့ ကိုကိုမင်းကိုကျေးဇူးတင်တယ်"

၂ယောက်သား ချည်ထိုးခြေအိတ်နဲ့ လက်အိတ်လေးကိုကြည့်ရင်း

အတိတ်ရဲ့နေ့ ရက်တချို့ ဆီသို့ …………

ဖိုးဖိုးကြီးရဲ့ရောဂါတနေ့တခြားပိုဆိုးလာသည်နဲ့အမျှ
နေ့တိုင်းဆေးခန်းပြနေသည်နဲ့မလုံလောက်သည်မို့ 
ရှောင်းကျန့်ဆေးရုံတင်ရန်ဆုံးဖြတ်လိုက်တယ်

ဖိုးဖိုးကြီးဟာ ရောဂါရဲ့ဖိစီးဒဏ်ကြောင့်
တနေ့တခြားပိုပိုပိန်ပိန်လာကာ ချောင်းဆိုးလျှင်
သွေးစတွေပါပါလာတက်တယ်

ဆေးရုံကကျွေးတဲ့ ဆေးရုံထမင်းဟင်းဟာ ဆေးရုံတက်သူတိုင်းကိုအခမဲ့ကျွေးသည်မို့ ထမင်းဟင်းအဖြစ် ရောက်ရုံသာရှိပြီး အရသာကလဲထင်တာတာထက်ပိုဆိုးရွားလှတယ်

လက်ထဲစုဆောင်းထားတဲ့ပိုက်ဆံလေးနဲ့
ဖိုးဖိုးကြီးအတွက်လိုအပ်တဲ့ဆေးနဲ့အားဖြည့်စာ
တွေသာဝယ်ကျွေးပြီးသူနဲ့ရိပေါ်လေးတော့ ဆေးရုံကကျွေးတဲ့ထမင်းဟင်းကိုသာ
ကြိတ်မှိတ်မျိုချရင်း၂ယောက်မျှစားလိုက်တယ်။

ဖိုးဖိုးကြီးအတွက်သီးသန့်ခန်းငှားရလောက်တဲ့အထိ
ရှောင်းကျန့်မတက်နိုင်ခဲ့။ဒါပင်မဲ့ဟောခန်းထဲ လူနာအများကြီးနဲ့ရောထားဖို့ ကျတော့လဲ ဖိုးဖိုးကြီးအတွက်အဆင်ပြေရင်တောင်
ပြည့်သပ်နေတဲ့လူနာကုတင်တွေကြား
သူနဲ့သူ့ ညီလေးညဘက်ဘယ်မှာသွားအိပ်ကြရမလဲ?
ဖိုးဖိုးကြီးကိုလဲဆေးရုံတယောက်ထဲထားခဲ့ဖို့ မဖြစ်နိုင်တာကြောင့်သီးသန့်ခန်းကို သူမတက်နိုင်သည်တိုင်ရောဂါပေါင်းစုံ
စရိုက်ပေါင်းစုံလူတွေနဲ့ဆူဆူညံညံပတ်ဝန်းကျင်မှာ
ဖိုးဖိုးကြီးကိုရောသူ့ ညီလေးကိုပါသူမထားချင်။

ဒါကြောင့်ကောင်တာကိုအကူအညီတောင်းပြီး
ဖိုးဖိုးကြီးကို၎ယောက်ခန်းကိုရွေ့ လိုက်တယ်

ထိုအခန်းမှာအသဲရောဂါခံစားနေရတဲ့အဖွားရယ်
မတော်တဆမှုနဲ့ရောက်လာတဲ့လူငယ်တယောက်ရယ်
နှလုံးရောဂါခံစားနေရတဲ့ရိပေါ်လေးနဲ့
ရွယ်တူကလေးတယောက်ရယ်သာရှိတယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now