"Zawgyi"
"မင်း မင်း ဝမ်ယောင်ယောင်မဟုတ်လား"
ရှောင်းကျန့်တုန်ယင်စွာမေးလိုက်၏။
"အဖွားကိုနာရီလေး…နာရီလေးပြပြီး
ကောကိုမေးခဲ့တယ်ဆို အခုကောကိုဖုန်းဆက်တာ
မင်းမဟုတ်လား"မျက်ဝန်းတွေစိုစွက်လာပြီး ရင်ဘတ်ထဲကတင်းကြပ်နာကျင်မှုတွေအပြည့်ဖြင့် ရှောင်းကျန့်တဖက်လူကိုနူးညံ့စွာမေးလိုက်တယ်
"ညီလေး မင်းက ကောရဲ့ညီလေးမဟုတ်လား"
သူ့ ကိုအချိန်အကြာကြီးမေ့ထားခဲ့မိလို့ တူတယ် ရှောင်းကျန့်ညီလေးက ဖုန်းကိုင်ထားသော်ငြား စကားတခွန်းမျှမဆိုပေ။
"ယောင်ယောင် မင်းအဆင်ပြေရဲ့လား
ကော မင်းကိုမေ့ထားခဲ့မိတယ်…တောင်းပန်ပါတယ်
ဘာဘဲဖြစ်ဖြစ် အသက်ရှင်နေပေးလို့ 
ကောမင်းကိုကျေးဇူးတင်တယ်"ရှောင်းကျန့်စကားတွေကိုအကြောင်းမပြန်သော်ငြား
တဖက်ကနားထောင်နေတဲ့သူ့ ညီလေးရဲ့
အသံရှုသံတွေဟာ မာရသွန်အပြေးသမားလို
တဖြည်းဖြည်းပြင်းထန်မြန်ဆန်လို့ လာ၏။"ယောင်ယောင် အခုကစပြီး ကောမင်းအပေါ်ကောင်းပေးမှာပါ
ကော မင်းကိုအရင်ကလိုတယောက်ထဲ
ထားမသွားတော့ဘူး"သူ့ အကိုဆိုသူရဲ့ ကြေကွဲဝမ်းနည်းလေသော
စိုးရိမ်စကားသံများတလက်ဆက်ကြားအပြီးမှာ
လေလှိုင်းတဖက်ခြမ်းကလူဟာ ဖုန်းကိုတင်းကြပ်စွာ
ဆုပ်ကိုင်လို့ ထား၏။အသံကိုကြားလိုက်သည်နှင့် သူ့ အကိုဟာ
ဘယ်သူဘယ်ဝါဆိုတာ သူသိလိုက်ရတော့
အကူအညီတောင်းမဲ့ သူ့ စကားလုံးတွေဟာ
လည်ပင်းဝမှာတင် တစ်စို့ ပျောက်ရှသွားတော့၏။သူ့ စိတ်ကိုတည်ငြိမ်အောင်ထားပြီးခဏကြာတော့မှာ လေးတွဲသော ခက်ခက်ခဲခဲသက်ပြင်းချသံနဲ့အတူ
သူအလေးမထားဟန်ဆိုလိုက်တယ်"sorry ကျနော်ဖုန်းမှားဆက်မိသွားတယ်ထင်တယ်
အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ်
နောက်ကိုမဆက်သွယ်တော့ပါဘူး""မဟုတ်ဘူး ယောင်ယောင်
ကောက…ကောက မင်းရဲ့ရှောင်းကျိမ့်ကော!!