💚Zawgyi❤
ကျန့်ကျန့်မနေ့မနက်ထဲကကုတင်ပေါ်လဲလျောင်းနေတဲ့ဝမ်ကလေးလေးကိုမျက်တောင်မခတ်ကြည့်နေရင်းကနေ
"ဒေါက် ဒေါက်"
အခန်းတံခါးခေါက်သံကြောင့်တံခါးသွားဖွင့်ပေးတော့ မာမားယန်နဲ့ မာမားလုဖြစ်နေတယ်"မာမားယန် မာမားလု"
မာမားယန်က ဝမ်ကလေးလေးရဲ့နဖူးကိုစမ်းလိုက်ပြီး
"အင်း အဖျားကတော့ကျသွားပြီ"
မာမားလုကကုတင်ပေါ်ကဝမ်ကလေးလေးကိုကြည့်ပြီး ကျန့်ကျန့်ကိုမေးတယ်
"သားညီလေးဆို"
"ဟို ဟိုလေ မာမားလု တကယ်တော့လေ...
တကယ်တော့ဝမ်လေး...ဝမ်လေးက...ဟို"အထစ်အထစ်အငေ့ငေ့သူ့ အဖြေကြောင့် မာမားယန်မှာစိတ်မရှည်တော့ဘဲ
"ဒီကလေးက သူ့ နဲ့ဝမ်းကွဲတော်တယ်
မနေ့က ကလေးကိုနှင်းတောထဲလာပစ်သွားတာကို
ဦးလေးလီကမြင်လို့ ကောက်ထားတာ တကယ်ထဲဒါလေးပြောဖို့ ကို တဟိုဟိုနဲ့ "မာမားယန်ဆူလိုက်တော့ကျန့်ကျန့်မျက်နှာလေးငယ်ကာ ခေါင်းလေးကိုသာငုံ့ လို့ ထားတယ်
"ကျဲ သားကျန့်အဒေါ်လာပစ်သွားတယ်ဆိုတာကော သေချာရဲ့လား သူ့ သားသမီးအရင်းကိုတောင်လေ "
"Aww လုလုရယ် သားကျန့်တုံးက လာပစ်သွားတဲ့တယောက်ဘဲလို့  ဦးလေးလီပြောတယ်လေ ပြီးတော့အဲမိန်းမက ကမ္ဘာမီးလောင် သားကောင်ချနင်းတက်တဲ့မိန်းမမျိုး
သူမလိုအပ်ဘူးထင်ရင်စွန့်ပစ်နေကြဘဲသူမှာသွေးသားဆိုတာလဲမရှိဘူးအသဲနှလုံးဆိုတာလဲမရှိဘူး။ဘာဘဲဖြစ်ဖြစ် ကလေးကဒီဂေဟာကိုရောက်လာမှာတော့
သူ့ ကလေးဘဲဖြစ်ဖြစ်ဘယ်သူကလေးဘဲဖြစ်ဖြစ် စောင့်ရှောက်ပေးရတော့မှာဘဲ"မာမားလုက ဝမ်ကလေးလေးရဲ့ ခပ်ဖောင်းဖောင်းပါးလေးကိုကိုင်ကာ
"ကလေးရေ မင်းရဲ့ အိမ်အသစ်ကနေကြိုဆိုပါတယ်
အဖျားပျောက်ပြီးမြန်မြန်နှိုးလာတော့နော်
မင်းရဲ့ကိုကိုကျန့်ကမင်းနားကနည်းနည်းလေးတောင်မခွာဘဲနေ့ကောညပါဂရုစိုက်ပေးနေတာသူမင်းကိုအတော်စိတ်ပူနေရှာတယ်"