💚Zawgyi❤
"ရိပေါ် ကိုကိုထမင်းစားစောင့်ရမလား"
အပြင်သွားဟန်ဝတ်စားထားတဲ့ရိပေါ်ကိုကြည့်ပြီး
ရှောင်းကျန့်မေးတော့ရိပေါ်က သူ့ ကိုကျောပေးလျှက်ဖိနပ်စီးနေရာက
"ဝမ်းချင်းဆုံတာမှမဟုတ်တာ ကိုကိုစားနှင့်
ကျနော်နောက်ကျမယ်"အလေးမထားဟန်အေးစက်စက်ရိပေါ်ကြောင့် ရှောင်းကျန့်ဆက်ပြောရန်မသင့်တာကြောင့်
ထွက်သွားတဲ့ရိပေါ်ကျောပြင်ကိုသာငေးကြည့်ရင်း
ဒီအတောအတွင်း ဖြစ်ပျက်သမျှပြန်တွေးမိကာ
စိတ်မကောင်းဖြစ်မိလေတယ်အရင်က 'ကိုကို'ကိုကိုချင်းထပ်အောင်ခေါ်ပြီး
သူ့ ပခုံးပေါ်ခေါင်းလေးတိုးဝှေ့ ချွဲတက်တဲ့သူ့ ညီလေး
အခုတော့ သူနဲ့မျက်လုံးဆုံးအောင်တောင် မကြည့်တော့ဘဲ အမြဲလိုလိုရှောင်နေတက်တယ်အရင်က အကျီတောင်သူထုတ်ပေးတဲ့အကျီမှ
ဝတ်တက်တဲ့သူ့ ညီလေးဟာ
အခုတော့ 'မလိုဘူး'ဆိုတဲ့စကားတခွန်းသာ
ပြောပြီးသူ့ ကိုလျစ်လျူရှုပြန်တယ်
အဆိုးဆုံးကတော့ သူ့ အကျီကော်လံလေးခေါက်လေးလို့ 
ရှောင်းကျန့်သွားပြင်ပေးမိရာက
ပြန်ရလိုက်တာက အလိုမကျဟန် နီရဲနေတဲ့
သူ့ ညီလေးမျက်နှာနဲ့တွန်းထုတ်ခံလိုက်ရခြင်းပါဘဲ'ကိုကိုနဲ့မှမဟုတ်ရင် ထမင်းစားမဝင်ဘူး'ဆိုတဲ့
သူ့ ညီလေးရဲ့စကားသံတွေပြန်ကြားယောင်ရင်း
ထမင်းဝိုင်းမှာရှောင်းကျန့်တယောက်ထဲ
တိတ်ဆိတ်လို့ ခြောက်ကပ်လို့ နေတယ်တယောက်ထဲစားချင်စိတ်လဲမရှိတာကြောင့်
စားလက်စထမင်းကိုသွန် ပန်းကန်ရေဆေးလိုက်ပြီး
အခန်းထဲဝင်ကုတင်ပေါ်လှဲလိုက်တော့
သူ့ ဘေးကလှစ်လပ်နေတဲ့နေရာလေးကိုကြည့်ရင်း
ွှရင်ထဲကစစ်ခနဲ့ ဒီအခန်းလေးဟာဒီအိမ်ကိုရောက်စ ဖိုးဖိုးကြီးခေါ်လာထဲကသူတိုညီကို၂ယောက်မျှသုံးလာတာဖိုးဖိုးကြီးဆုံးပါးသွားပြီးနှစ်အတော်ကြာသည်အထိတယောက်တခန်းမသုံးဘဲတခန်းထဲအတူသာနေလာခဲ့တာအခုတော့ လစ်လပ်နေတဲ့သူ့ ဘေးနေရာက
ခေါင်းအုံးလေးရယ် အဝတ်ဘီရိုထဲက
လျော့သွားတဲ့အဝတ်အစားအချို့ ရယ်ကြောင့်
သူ့ ရင်ထဲတင်းကြပ်သွားပြန်တယ်