အပိုင်း၂၃(Zaw+Uni)

1.2K 141 17
                                    

💚Zawgyi❤

အချိန်ကား ပျင်းရိဖွယ်ရာစာသင်နှစ်ကုန်ဆုံးပြီး
စာမေးပွဲဆိုတဲ့မုန်တိုင်းမရောက်လာခင်
Uniကျောင်းသားတွေအတောင်းတအမျှော်ဆုံး
လေပြည်လေညှင်းတိုက်ခတ်ချိန်ကိုရောက်လာတော့မည်။

"Fresher Welcome"

ရှင်းဖန်ကတော့ Welcomeအပြီး စာမေးပွဲမုန်တိုင်းကိုမေ့နေသည်အလား
အပူအပင်ကင်းကင်းကိုWelcomeအတွက်
သီချင်းလေ့ကျင့်နေတယ်။သူတင်မဟုတ် လင်းယိကိုပါ သူနဲ့အတူဆိုရကရမယ်ဆိုပြီး ရှောဆွဲထားပြန်တော့ခပ်အေးအေးသာနေတက်တဲ့
လင်းယိလဲ ရှင်းဖန်စိတ်တိုင်းကျ
Welcomeမှာပါဖို့ လေ့ကျင့်နေရတယ်

အရပ်ကရှည်ပါတယ်ဆို အချိုးအဆစ်ကမပျော့ပြောင်း လင်းယိပုံကShoppingmallရှေ့ က လေထိုးရုပ်ကြီးယိမ်းထိုးနေသည့်နှယ့်

မျက်လုံးထဲ ကန့်လန့် ကြီးကိုဝင်တာ

လင်းယိရဲ့သောက်ကျိုးနည်းကကွက်ဆန်းတွေနဲ့
လင်းယိကနေတဲ့ပုံကိုကြည့်ပြီးသွေးတက်တော့မဲ့
ရှင်းဖန်ရုပ်ကိုကြည့်ပြီရိပေါ်ထိုင်ခွီးနေတော့သည်။

ထိုစဉ်သူတို့ သီချင်းလေ့ကျင့်နေတဲ့အခန်းရှေ့ 
စီနီယာ၂ယောက်ရောက်လာတယ်

ပြီးတော့ စီနီယာကျဲကျဲကရိပေါ်ကိုလှမ်းခေါ်တယ်

"မောင်လေး King Selectionအတွက်
ဘာတွေပြင်ဆင်ပြီးပြီလဲ မောင်လေးဘက်ကတခုခု အဆင်မပြေတာများရှိလားအဆင်မပြေတာရှိရင်
ကျဲတို့ ကူညီပေးမယ်"

ဘာအဆင်မပြေစရာရှိလို့ လဲ သူKing Selectionပါတယ်ဆိုတော့ Welcomeနေ့ 
ကိုကိုချုပ်ပေးထားတာထဲကခပ်လတ်လတ်တစုံ
ထုတ်ဝတ်သွားရုံပေါ့

ဘာမှမထူးခြားဟန်သူ့ အမူအယာကြောင့်ကျဲက

"ဆံပင် မိတ်ကပ် ပွဲနေ့ဝတ်မဲ့အဝတ်အစား
Online votingအတွက်Photo Shooting
ရိုက်ဖို့ အဝတ်အစား ခန္ဓာကိုယ်ထိန်းသိမ်းဖို့ …"

သူကျဲပြောသမျှကိုအခုမှသိဟန်ခေါင်းခါပြတော့
ကျဲက အားမလိုအားမရဖြစ်စွာဖြင့်

"အခြားမေဂျာက selectionတွေလို
ကိုယ့်ဘာသာစီစဉ်မယ်ထင်လို့ 
မင်းကလဲဌာနကိုဘာမှအကြောင်းမကြားတော့
အားလုံးအဆင်ပြေနေတယ်ဘဲထင်နေတာ
အခုသူများမေဂျာတွေ Online votingအတွက်
ပုံတွေတင်နေကြပြီးမင်းဘက်ကဘာမှမလှုပ်ရှားသေးတော့ ဌာနမှူးက တို့ တွေကိုလွှတ်ကောရော"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteTempat cerita menjadi hidup. Temukan sekarang