အပိုင်း၂၆(Zaw+Uni)

1.3K 141 19
                                    

💚Zawgyi❤

နံနက်ခင်းနေရောင်ခြည်က ခန်းစီးလိုက်ကာကို
ကျော်လွန်ကာ သူ့ မျက်နှာကိုလာရောက်ထိခတ်လေတော့ ရှောင်းကျန့်အိပ်ရာမှ နိုးထလာခဲ့တယ်

မနေ့ညအိပ်မပျော်ခင်အထိ ပေါက်ကွဲမတက်ကိုက်နေတဲ့ခေါင်း တကိုယ်လုံးညောင်းညာကိုက်ခဲမှုကလဲ
သိပ်မခံစားရတော့သလို သူ့ ခြေထောက်က ပက်တီးကလဲအသစ်လဲပြီးသားဖြစ်လို့ နေတယ်

ကိုယ်အပူချိန်ငွေ့ ငွေ့ လေးရှိသေးသော်လည်း
အတော်လေးသက်သာလာပြီဖြစ်တာကြောင့်
သူအိပ်ရာထဲခွေမနေတော့ဘဲအိပ်ရာမှထကာ
ရေချိုးခန်းဝင်ရန်သွားလိုက်တယ်

သွားတိုက်ဆေးညစ်ပြီးတိုက်ရန်ဘေစင်က
မှန်ကိုအကြည့် မှန်ထဲမှာမြင်ရတဲ့သူ့ နှုတ်ခမ်းဟာ
နီရဲယောင်ကိုင်းကာ ပင့်ကူရှပ်ထားသလားဘဲ
အောက်နှုတ်ခမ်းထောင့်မှာလဲပေါက်ပြဲလို့ 
ဆောင်းဦးဝင်စမို့ အပူကန်တာဘဲနေမှာပါလို့ သာ
သူအလွယ်တွေးလိုက်တယ်

ဖျားပြီးခါစမို့ ရေချိုးဖို့ မဖြစ်သေးပင်မဲ့
ရေပက်တိုက်ရန်သူ့ ညဝတ်အကျီကိုချွတ်လိုက်တော့
အနီကွက်တွေ လည်ပင်းနဲ့ရင်ဘတ်မှာနေရာလပ်မရှိ။

"ဒါ ဘာတွေလဲ"

အဖျားအရမ်းကြီးလွန်းလို့ ဖျားရာကကျန်နေခဲ့တဲ့
လက္ခဏာများလား?

ဒီလိုအနီကွက်တွေမျိုးသူအရင်ကမဖြစ်ခဲ့ဖူးပါ။

မတည့်တာတခုခုစားမိလို့ အလက်ဂျိတ်ထတာဘဲနေမှာပါလေ။

ရေပက်တိုက်ပြီးရေချိုးခန်းကအထွက်
သူ့ ဝယ်ထားတဲ့တပတ်ရစ်ရေခဲသေတ္တာလေးမှာ
noteစာရွက်လေးကပ်လို့ ထားတယ်

"ကိုကို ကိုကိုကြိုက်တဲ့ ဘဲတကောင်ဆိုင်က ဘဲသားဆန်ပြုတ် ကျနော်အလုပ်မသွားခင် အစောကြီးထပြီးဝယ်ထားပေးခဲ့တယ်
ကိုကိုနိုးရင်နွေးစားလိုက်အုံး စားပြီးရင်
ကျနော်စပ်လာပေးတဲ့အဖျားပျောက်ဆေးကို
တခါထဲသောက်ပြီးနားနားနေနေ နေပါ
ကိုကို့ ခြေထောက်ကဒဏ်ရာကိုလဲဂရုစိုက်
ဒီရက်ပိုင်းကျနော်အလုပ်ကိစ္စအချို့ ရှိနေလို့ 
အိမ်ပြန်လာဖြစ်အုံးမှာမဟုတ်ဘူး
အာ့ ဒါကိုကို့ ကိုစိတ်ဆိုးနေသေးလို့ မဟုတ်ဘူးနော်
တကယ်အလုပ်ကိစ္စရှိနေလို့ ပါ
ကျနော့်လစာ ကိုကိုသုံးလို့ ရအောင်
ကိုကိုပိုက်ဆံအိတ်ထဲထည့်ပေးထားတယ်
ကိုကိုစားချင်တာဝယ်စားပြီးလိုချင်တာသာဝယ်
ကျနော်လတိုင်းပေးမှာမို့ လို့ မနှမြောနေဘဲ
ကိုကိုလိုအပ်သလိုသာသုံးလိုက်ပါ
ကိုကိုအစားကိုပုံမှန်စား ကျန်းမာရေးကိုဂရုစိုက်
ကျနော်အတွက်ဘာမှစိတ်မပူနဲ့ "
ရိပေါ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora