အပိုင်း၅၈(Zaw+Uni)

1.7K 134 92
                                        

Zawgyi

ပျင်းရိဖွယ်နေ့လည်ခင်းအချိန်ဖြစ်သည်မို့ 
ရှောင်းကျန့်ဆိုဖာမှာထိုင်၍TVဖွင့်လိုက်၏။

"ကြည့်ပါအုံး ဥက္ကဌဝမ်ရဲ့ချစ်သူအပေါ် ချစ်တက်မှုကြီးက ကျမတို့ တောင်အားကျရတယ်"

TVဖန်သားပြင်ပေါ်က အစီအစဉ်တင်ဆက်သူရဲ့
ရွှန်းရွှန်းဝေစကားများထိုနေ့သတင်းစာရှင်းလင်းပွဲက သူနဲ့ရိပေါ်ရဲ့ပုံကိုနောက်ကprojectorပေါ်မှာပုံကြီးဖြင့်ပြသထား၏။

ရှောင်းကျန့်နောက်ထပ် Channelတခုကို
ထပ်မံပြောင်းလိုက်၏။

"ကျမတို့ ကတော့ ပန်းချီဆရာရှောင်းရဲ့
ပန်းချီကားတွေကိုကြည့်ခွင့်ရချင်မိတယ်
တကိုယ်တော်ပန်းချီပြပွဲကိုမျှော်လင့်မိတယ်"

"ဒီဂယက်ကြောင့် ဖန်းgroupရဲ့ရှယ်ယာဈေးကလဲ
နလပြန်မထူနိုင်အောင် အောက်ဆုံးအထိထိုးကျခဲ့တယ်နော်"

Channelတခုပြီးတခုပြောင်းပင်မဲ့
တင်ဆက်သူသာပြောင်းသွားသည်
အကြောင်းအရာကတော့ ထိုတခုထဲပင်။

"ရှောင်းအနေနဲ့ အတော်နစ်နာသွားတယ်"

"ဘာဘဲဖြစ်ဖြစ် ရှောင်းမှကဘာဘဲဖြစ်ဖြစ် ရှောင်းဘက်ကနေ ရပ်တည်ကာကွယ်ပေးမဲ့
ဥက္ကဌဝမ်ရှိနေတယ်လေ"

ဖန်သားပြင်ဝယ် ပြုံးရယ်စွာအပြန်အလှန် ဆွေးနွေးတင်ဆက်နေကြတဲ့အစီအစဉ်တင်ဆက်၂ဦး။

"ငယ်ငယ်ချောချောလိုအပ်တာတန်းဖြည့်ဆည်းပေးတဲ့ ဥက္ကဌဝမ်လိုကောင်လေးရထားတဲ့
ရှောင်းကိုကိုယ်တွေတော့ အရမ်းတွေအားကျနေပါပြီ"

"ဥက္ကဌဝမ်က အသက်၂၀တောင်မပြည့်သေးဘူး
အတော်လေးငယ်တယ်ဆိုတော့ကား ရှောင်းနဲ့အသက်အတော်ကွာတာဘဲ"

"ဒါဆိုရင်တော့ ဥက္ကဌဝမ်ပြောခဲ့သလိုဘဲပြောရတော့မှာဘဲ
အချစ်မှာ ခုနှစ်သက္ကရာဇ်တွေမလိုပါဘူးတဲ့"

"အားယား"

အစီအစဉ်တင်ဆက်တဲ့မိန်းခလေးမှာ
သူ့ ရဲ့ရှက်ရွံစွာနီနေတဲ့မျက်နှာကို
ပရိတ်သတ်မမြင်အောင်စာရွက်နဲ့အုပ်လိုက်တယ်

TVဖန်သားပြင်ရှေ့ က ရှောင်းကျန့်သည်လဲ
ကျေနပ်စွာ ရှက်ပြုံးလေးပြုံးလို့ ။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWo Geschichten leben. Entdecke jetzt