အပိုင်း၆၃(Zaw+Uni)

1.4K 119 20
                                        

Zawgyi

နှလုံးသားတွေ ထိန်းမရအောင်တုန်ယင်နေပြီး
ရိပေါ်ဘဝမှာမတုန်လှုပ်မခြောက်ခြားစဖူး တုန်လှုပ်ခြောက်ခြားနေမိ၏။

မျက်လုံးတွေထဲ မြင်မြင်သမျှဟာဗလာနတ္တိ။
ကားကိုမိုင်ကုန်အရှိန်တင်၍ဈေးတန်းဆိုတဲ့နေရာကို ရိပေါ်အပြေးအလွှားမောင်းလာခဲ့တော့သည်။

လမ်းတလျှောက်လုံးအဆက်မပြတ်ဖုန်းခေါ်သော်ငြား စက်ပိတ်ထားသည်ဟူသောအဖြေတခုထဲသာ။

စုန့်ကျိရန်ဖုန်းကိုခေါ်တော့လဲ စက်ပိတ်ထားသည် ဟောက်ရွှမ်းဖုန်းကျဖုန်းဝင်သော်လည်း တဖက်ကဖုန်းကိုင်သူမရှိ။

"ဖုန်းကိုင်ကြစမ်းပါဟ!!

ဒေါသနဲ့စိတ်လှုပ်ရှားမှုကြောင့် သူတကိုယ်လုံးချွေးဒီးဒီးကျကာ ရင်အစုံဟာလဲ ဒေါသကြောင့်နိမ့်ချည်မြင့်ချည်။

သူ့ ဒေါသကိုသူသိတယ် ဒီပုံစံတိုင်းသာဆက်မောင်းသွားနေရင် ကြိမ်းသေအန္တရာယ်တစုံတခုဖြစ်တော့မည်။

ကားကိုလမ်းဘေးချ စိတ်ကိုတည်ငြိမ်အောင်ထားအပြီးပြသာနာကို ရိပေါ်လေးလေးနက်နက်ပြန်တွေးတယ်

သူ့ ကိုအခုလိုစဉ်းစားဥာဏ်မဲ့တဲ့အထိ
ပြိုလဲသွားစေနိုင်တဲ့ အားနည်းချက်က ဒီကမ္ဘာပေါ်မှာတခုတည်း တဦးတည်းသာရှိတယ်

ဤသည်က သူ့ အသက်တည်ရာရှောင်းကျန့်ဆိုသူ

တိုက်ခိုက်တဲ့ရန်သူကဒီအချက်ကိုသေချာသိလို့ ကိုကိုဆီကိုဘက်ပြောင်းဦးတည်သွားတာ
သေချာတယ် ရန်သူဒါမဟုတ်သူ့ ဘက်တော်သားဟာ
သူတို့ အနီးအနားမှာအမြဲရှိနေလိမ့်မယ်

အခုဆက်သွယ်လို့ မရတာကကိုကို့ ကို တဖက်လှည့်နဲ့ခေါ်ထုတ်ပြီး
ပြန်ပေးဆွဲသွားတာမျိုးလဲဖြစ်နေနိုင်တယ်

အခုချိန်မှာ သူတို့ နဲ့အနီးဆုံးမှာရှိနေတဲ့ရန်သူဟာ
ရှောင်းကျန့်နဲ့ယှဉ်ရင်ပြီးရာထူးဂုဏ်ဒြပ် ငွေကြေးစည်းစိမ် ဘာဘဲတောင်းဆိုဆို သူလက်လျောပစ်မှာ နောက်ဆုံးသူ့ ကိုမုန်းတီးလို့ 
အသက်ကိုတောင်းရင်တောင် ကိုကိုသာ
ဘေးကင်းမယ်ဆို သူလက်ခံမိမှာဘဲ
ကိုကိုက ကျန်းမာသေးတာမဟုတ်ဘူး
ကိုကို ထိခိုက်သွားမှာသူအကြောက်ဆုံးဘဲ။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora