အပိုင်း၄၈(Zaw+Uni)

2K 174 35
                                        

Zawgyi

ပါးလှပ်လှပ်ခန္ဓာကိုယ်လေးအား
ကျိုးပဲ့မည်ဆိုးသည့်အလား ကုတင်ပေါ်တယုတယ
ညင်သာချပေးပြီးနောက် သူ့ နောက်မှခြေမကိုင်မိ
လက်မကိုင်မိ တတန်းလိုက်ကြီးပြေးလိုက်လာကြတဲ့ အိမ်အကူတစုကိုအေးစက်မဲမှောင်သော
မျက်နှာထားဖြင့်စိုက်ကြည့်၍မာန်မဲလိုက်တော့၏။

"ဘာလုပ်နေကြတာလဲ!!!
Family Doctorဆီဖုန်းဆက်ကြလေ!!
အဲဒါကအစ လိုက်ပြောနေရမှာလား!!!

ရုတ်တရတ်ဖြစ်သွားတဲ့အခြေအနေကြောင့်
အိမ်အကူအားလုံး အသက်တောင်မရှုရဲ။

"သခင်လေး ဒေါက်...တာ ဒေါက်တာရောက်နေပါပြီ"

အပြေးအလွှားအခန်းထဲအလျှင်စလို
ဝင်ရောက်လာတဲ့ လူသုံးဦး။

ရိပေါ်မျက်နှာဟာ ပြိုတော့မဲ့မိုးလို
ငြိမ်သက်လဲလျောင်းနေတဲ့ကိုကိုကြည့်ရင်း
ရေနစ်သူကောက်ရိုးတမျှင်ကိုအားပြုဆွဲကိုင်ထားသည့်နှယ် ကိုကိုလက်ကြမ်းကြမ်းလေးကိုလက်၂ဖက်နဲ့ တင်းတင်းဆုပ်ကိုင်ထားရင်းကဒေါက်တာစုန့်ကို မြင်သည်နှင့် အားကိုးရာရှာတွေ့ သွားသည့် ကလေးတယောက်နှယ် ကူကယ်ရာမဲ့ပုံစံဖြင့်

"ဒေါက်တာ ကိုကို့ ကိုကြည့်ပါအုံး
ကိုကို့ ကိုကြည့်ပါအုံးဗျာ
ဒီတခါကိုကိုတော်တော်နေမကောင်းဘူးထင်တယ်
ခေါ်လို့ လဲမရတော့ဘူး"

စကားသံတွေကိုသေချာအာရုံစိုက်
နားထောင်ကြည့်ပါလျှင် ဝမ်းနည်းငိုရှိုက်သံ တစွန်းတစပါဝင်နေတာ ဘယ်သူမဆို သတိထားမိပါလိမ့်မယ်

သူကူကယ်ရာမဲ့စွာ ဒေါက်တာစုန့်လက်ကိုကိုင်ပြီး
တောင်းဆိုလေ၏။

"ကိုကို့ ကို ရအောင်ကုပေးပါဗျာ
ကျနော်ဘာပေးရပေးရ အကုန်ပေးပါ့မယ်"

နှစ်တွေကြာညောင်းခဲ့ပင်မဲ့ ညှိုးငယ်နေတဲ့
မျက်နှာထားနဲ့စိုးရိပ်ပူပန်နေတဲ့ထိုကောင်လေးဟာ
သူနဲ့ပထမဆုံးဆုံခဲ့ဖူးတဲ့၇နှစ်အရွယ် ကလေးတယောက်လိုမပြောင်းလဲခဲ့ပေ။

ဒီကလေးက သန်မာတယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး
ကိုယ်အားကိုယ်ကိုးနိုင်နေပင်မဲ့
သူကိုတော့ အကိုဖြစ်သူအတွက်
ဒီအရွယ်ထိအားကိုးနေတုံးပင်။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteМесто, где живут истории. Откройте их для себя