အပိုင်း၅၀(Zaw+Uni)

1.8K 184 51
                                    

Zawgyi

"Ring Ring Ring"

"Ring Ring Ring"

အတော်ကြာတဲ့အထိ ဖုန်းမကိုင်တာကြောင့်
ရိပေါ်စိတ်တွေရတက်မအေးနိုင်ဖြစ်နေလေ၏။

အဆက်မပြတ်ဖုန်းခေါ်ရင်း ခဏကြာတော့ တဖက်မှဖုန်းကိုင်လာသော်ငြား ဖုန်းကိုင်သူသည်
ကိုကိုတော့ဟုတ်မနေ။

"ဒေါ်လေးဟောက် ကိုကိုရော"

"သခင်လေး သခင်လေးက ဘယ်လိုလုပ်ပြီး..."

ဒေါ်လေးဟောက်ရဲ့အသံဟာ အံ့သြတုန်ယင်ပြီး

"မနက်က သခင်လေးကားaccidentဖြစ်တာ
အခြေအနေတော်တော်ဆိုးပြီးအသက်အန္တရယ်ပါ
စိုးရိမ်ရတယ်အခုဒီကဆေးရုံကိုပြန်သယ်လာပြီ ဖုန်းဆက်ပြောတာနဲ့ ချက်ချင်းဘဲရှောင်းအာ ဖိနပ်တောင်မပါဘူး ဇောနဲ့ပြေးထွက်သွားတာ ဖုန်းတောင်လွတ်ကျကျန်ခဲ့လို့ 
ဒေါ်လေးကောက်သိမ်းပေးထားတာ"

ကြားလိုက်ရတဲ့သတင်းကြောင့် ရိပေါ်
စကားသံတွေပျောက်ရှပြီးလည်ချောင်းက
အသံထွက်မလာတော့သည့်အထိ
အာစေးမိလျှက် အံ့အားသင့်သွားစေ၏။

"ဗျာ!

"accidentဖြစ်ပင်မဲ့
ကျနော်က အခုAမြို့ မှာလေ"

"ဒါဆို ဒါဆို ကိုယ်ကျိုးတော့နည်းကုန်ပြီထင်တယ်
သခင်လေးရယ် သခင်လေးမရှိတုန်းဒီမှာကိစ္စတွေ
အများကြီးဖြစ်သွားတာ ရှောင်းအာမှာ
အသက်အန္တရာယ်ရှိတယ်"

သူ မစောင့်ရှောက်နိုင်လို့ သူ့ အပြစ်ဆိုပြီး
ငိုကြွေးနေတဲ့ ဒေါ်လေးဟောက်ကြောင့်

"ဒေါ်လေးဟောက် တခုခုမှတ်မိလိုမှတ်မိငြား
ပြန်စဉ်းစားကြည့်ပါအုံးလား ကျနော်ကိုကို့ အတွက်
ကိုကို့ အတွက်အရမ်းစိတ်တွေပူနေလို့ "

"သခင်လေး ရှောင်းအာက အိမ်တော်ရှေ့ က
Taxiပေါ်ပြေးတက်သွားတာ"

"ဒေါ်လေးဟောက် cctvကိုစစ်ပြီး
ကားနံပါတ်ကိုကျနော့်ကိုအမြန်ဆုံးပို့ ပေးပါ
အမြန်ဆုံးနော် ကိုကို့ အတွက်အရေးကြီးလို့ "

"ဟုတ် ဟုတ်ပါပြီ"

ဖုန်းကျသွားသည်နှင့်ရိပေါ်လက်တဖက်မှာ
သွင်းထားတဲ့dripပိုက်ကိုဆွဲဖြုတ်ပြီး
ရပ်ကြည့်နေတဲ့nurseမလေးကိုမာတင်းတင်းပြောလိုက်တယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora