Zawgyi
ဂေဟာရှေ့ ကားရပ်လိုက်သည်နှင့်
ကလေးတသိုက် အလုအယက် ပြေးလွှားကြိုဆိုကြတော့၏။ဂေဟာဟာအရင်ကအတိုင်းမပြောင်းလဲတည်ရှိနေ၏။
ရိပေါ်နဲ့ကိုကိုအထုပ်တွေဆွဲရင်းဝင်လာတော့
"ကျန့်ကျန့် ဝမ်လေး"
မားမားယန်မာမားလုတို့ ရဲ့ပီတိအပြုံးတွေက
မပြောင်းလဲသော်ငြားခေါင်းပေါ်ကတစွန်းတစဖြူလာသောဆံပင်များနဲ့အသက်အရွယ်ဇရာကတော့
ပြောင်းလဲသွားခဲ့ချေပြီဦးလေးလီကတော့ ရိပေါ်ကိုမြင်သည်နှင့်
သူ့ ကိုမတွေ့ ရတာကြာလို့ ထင်တယ် မျက်ရည်ဝဲဝဲအကြည့်များနှင့်
သူ့ လက်၂ဖက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထား၏။ပါလာတဲ့မုန့်နဲ့အဝတ်တွေကလေးတွေကို
ဝေငှပေးနေတုန်း ဂေဟာထဲဆိုက်ရောက်လာတဲ့ နောက်ထပ်ကားတစီး။ကားပေါ်ကဖြူဖြူပိန်ပိန်ကောင်လေးမှာ
တက်တက်ကြွကြွအရင်ဆင်းလာပြီး
ရှောင်းကျန့်ကိုမြင်သည့်အခါ ကျောက်ရုပ်တရုပ်လို
ငြိမ်သက်သွားတော့၏။ကားမောင်းသူနေရာကနောက်ထပ်ဆင်းလာတဲ့ ကောင်လေးကြောင့်ရှောင်းကျန့်အံ့အားသင့်စွာ နှုတ်ဆက်စကားဆိုလိုက်တယ်
"ဒေါက်တာက ဘယ်လိုလုပ်ပြီး"
ရိပေါ်သည်လည်း ထင်မထားဟန်။
"ဥက္ကဌဝမ်နဲ့ကောက ဒီကိုဘယ်လိုလုပ်ပြီး"
ကျောက်ရုပ်လိုငြိမ်သက်သွားတဲ့ကောင်လေးဟာ
အတန်ကြာသူ့ ကိုမမှိန်အသုန်ငေးကြည့်နေရင်းက
ဝမ်းနည်းမှုကြောင့်မျက်ဝန်းကမျက်ရည်တွေ ဖိတ်ကျတော့မည့်ဟန် ထို့ နောက် ရှောင်းကျန့်အားပြေးဖက်တော့၏။"ကော ရှောင်းကျန့်ကော"
ရိပေါ်ကတော့ ရုတ်တရတ်ကိုကိုအား
ပြေးဖက်တဲ့အနှီးကောင်လေးကြောင့်
အလိုမကျစွာ မျက်ခုံးတွေတွန့် ချိုးသွားပြီး
လူချင်းအတင်းဆွဲခွာတော့၏။အနှီကောင်လေးကတော့ သူ့ ကိုကို့ အား
လုံးဝလွှတ်ပေးပုံမပေါ် တောက်တဲ့တွယ်သလို
မလွှတ်တမ်း ဖက်ထားတော့၏။