Zawgyi
"အခုနေတားရင် မှီသေးတယ်"
တိကျပြတ်သားတဲ့ သြရှရှအသံကိုရုတ်တရတ်ကြားရခိုက်
ဝတ်စုံပြင်နေတဲ့ ရှောင်းကျန့်လက်ကလေးတုန့် ခနဲ့။ရေချိုးပြီးခါစ ခေါင်းရေစက်လက်နဲ့ရိပေါ်ဟာ
ရေချိုးခန်းတံခါးကိုမှီထားလျှက် သူ့ ကျောပြင်ကို
ဖောက်ထွက်မတက် အကြည့်စူးစူးတွေနဲ့ အေးစက်စက်ကြည့်နေသည်မှာမလွှဲမသွေပင်။တမြေ့မြေ့တတိတိဖြင့်လှိုက်စား နာကျင်လေသော
နှလုံးသားထဲကခံစားချက်ကိုအတက်နိုင်ဆုံးချုပ်တည်းကာ ရှောင်းကျန့် ရိပေါ်ကိုမျက်နှာသုတ်ပုဝါပေးလိုက်ပြီး"ပြောင်အောင်သုတ်ရိပေါ် နောက်ကျနေတော့မယ်"
သူ့ စကားကိုအလေးအနက်မထားတဲ့
ရှောင်းကျန့်ကြောင့်ရိပေါ်နာကျင်စွာမဲ့ပြုံးပြုံးလိုက်၏။သူရင်ထဲမှာသာ ကမ္ဘာပျက်မတက်ပူလောင်နေတာ
သွေးအေးလွန်းတဲ့ရှောင်းကျန့်ကတော့
ဂရုမစိုက်စွာ သောက်ရေးမပါတဲ့
ူသောက်လုပ်တွေကိုသာ အဓိပ္ပါယ်မရှိဆက်လုပ်နေလေရဲ့ရိပေါ်အတွင်းဝတ်လဲနေတော့ အလိုသိစွာပင်
လိုက်ကာဆွဲကျောပေးထားပြီး
သူ့ အကျီကြယ်သီးတွေတတ်
နက်ကတိုင်ချီပေးနေလေ၏။သိသိသာသာတုန်ရီနေတဲ့ လက်ချောင်းတွေ
မျက်ဝန်းထဲက ဝမ်းနည်းရိပ်ယောင်တွေက
သူငေးကြည့်တော့ ရင်ထဲကမပါလေသော အပြုံးတုဖြင့် ပြန်ပြုံးပြတယ်ရိပေါ် ထိုလက်ကလေးကိုဖမ်းဆွဲဆုပ်ကိုင်လိုက်ပြီး
ရှောင်းကျန့်ရင်ထဲထိထိုးဖောက်ထွင်း
ဝင်ရောက်လောက်အောင် စူးစိုက်ကြည့်ပြီးနောက် သနားစဖွယ် နူးညံ့သောလေသံဖြင့် ပင့်သက်ရှိုက်ကာ တောင်းဆိုလာတယ်"ကိုကို တကယ်ပျော်တာကော သေချာရဲ့လား"
သူ့ ဆီကစကားလေးတခွန်းကိုအလေးအနက်
မျှော်လင့်နေဟန်ရင်နာနာနဲ့သူ့ ကိုတစိုက်မတ်မတ်
ငေးကြည့်နေတဲ့ရိပေါ်မျက်ဝန်းတွေအကြည့်တွေကို ရှောင်းကျန့်တကယ်ခံနိုင်စွမ်းမရှိတော့ပါ။ဖော်ပြရခက်တဲ့ခံစားချက်တွေဟာ
သူနှလုံးသားတခုလုံးကိုတုန်ယင်လှုပ်ခတ်လို့ လာ၏။