Zawgyi
Swedenမြေပေါ်ခြေချလိုက်သည်နှင့်
မြင်မြင်သမျှဟာအသစ်အဆန်းတွေချည်းသာ။အချိန်အကြာကြီးလေယာဉ်စီးခဲ့ရတောင်
ကိုကိုဟာ လှောင်အိမ်ထဲကလွှတ်ထွက်လာတဲ့
ဌက်ကလေးအလား စိတ်လှုပ်ရှားစွာ ရွှင်လန်းတက်ကြွနေသည်။ကားမှန်အပြင်ဘက်ကို မျက်နှာမူထားလျှက် မျက်ဝန်းဝိုင်းလေးက ပတ်ဝန်းကျင်အသစ်ကို စိတ်ဝင်စားမှုကအပြည့်။
အပြင်လောကကိုအခုမှထွက်ဖူးတဲ့
ကလေးတယောက်လို မျက်စိထဲမြင်မြင်သမျှ
အသစ်အဆန်းများကို ပါးစပ်အဟောင်းသား
လက်ညှိုးတထိုးထိုးဖြင့် ရိပေါ်ကိုတခုချင်းပြန်လှည့်
ပြောပြဖို့ လဲ သူမမေ့တက်ပေ။"မောင် မောင် ကြည့်စမ်း ကြည့်စမ်းပါအုံး
ဟိုကလှမ်းမြင်နေရတဲ့ခပ်ချွန်ချွန်တာဝါနဲ့ အဆောက်အဦးက City Hallမဟုတ်လား"ခရီးအစအဆုံးတရေးမှအိပ်ရသေးတဲ့ရိပေါ်မှာ မပွင့်တပွင့်မျက်လုံးဖြင့် အပြာရောင်ရေပြင်ကျယ်
ရှေ့ က106m မြှင့်တဲ့တာဝါအဆောက်အဦးကို
တချက်မျှဝေကြည့်လိုက်၍မျက်လုံးပြန်မှိတ်ပြီး
ခေါင်းညိမ့်ပြလိုက်တယ်ထိုမှသာ သူ့ အဖြေကိုစောင့်နေတဲ့ကိုကိုက
သူ့ အဖြေမှန်သည်ဆိုတဲ့ပုံစံဖြင့်
ဂုဏ်ယူကျေနပ်စွာပြုံး၍ သူ့ ကိုပြန်ကျောပေးကာ
City Hallဘက်သာ ပြန်မျက်နှာမူရင်း"ရှေးဟောင်းအမွေအနှစ်တွေ...
အရမ်းကြီးကျယ်တာဘဲ"ပြန်အိပ်ပျော်တော့မဲ့ ရိပေါ်ကိုအတင်းလှုပ်နှိုး၍
"မောင် ကိုကိုတို့ အဲကိုသွားမယ်နော်"
"အင်းအင်း ကိုကိုသဘော"