Zawgyi
ဝမ်လုပ်ငန်းစုဟာ အရှိန်အဟုန်ပြင်းပြင်း
ပို၍ပို၍ပင်တိုးတက်အောင်မြင်လို့ လာ၏။ဝမ်လုပ်ငန်းစုရဲ့ဥက္ကဌဖြစ်သူ ဝမ်ချင်းဟော့မှာ
နေ့ညမနား မအားသည့်အထိအလုပ်များနေပင်မဲ့
ဝမ်လုပ်ငန်းစုရဲ့အဓိကပင်တိုင်အကြံပေးဖြစ်သူမှာတော့ အမှောင်ခန်းထဲအပူအပင်ကင်းစွာ
သူ့ ရှေ့ ပိတ်ကားပေါ်က ရုပ်ရှင်ကားကိုသာ မမှိတ်မသုန်စိုက်ကြည့်နေလေတယ်ခရီးကပြန်ပြန်လာချင်း အမှောင်ခန်းထဲ
ရုပ်ရှင်ထိုင်ကြည့်နေတဲ့ညီဖြစ်သူကိုမြင်တော့
ချင်းဟော့ဖွင့်ထားလက်စ တံခါးကိုခေါက်လိုက်တယ်"ဒေါက် ဒေါက်"
အသံလာရာကိုတချက်ကြည့်တော့
ခရီးရောက်မဆိုက် သူ့ ဆီအရင်ဝင်လာပုံရတဲ့
ဝမ်ချင်းဟော့ကိုသူတွေ့ လိုက်ရတယ်ချင်းဟော့ ရိပေါ်နံဘေးဆိုဖာမှာဝင်ထိုင်လိုက်ပြီး
အခန်းထဲရှုပ်ပွနေတဲ့ အမှိုက်နဲ့ဘီယာဘူးခွံတွေကို
ကောက်သိမ်းပေးရင်းစကားစလိုက်တယ်"အချိန်တွေဘဲကြာသင့်သလောက်ကြာပြီးခဲ့ပြီ
ဝမ်ရိပေါ် မင်းနေရာမင်းပြန်ဦးစီးသင့်ပြီးလို့ တော့
ငါထင်တယ်""အခုမင်းနဲ့သင့်တော်နေပြီဘဲ
ဝမ်လုပ်ငန်းစုက ငါ့ကိုဘာလို့ လိုအုံးမလဲ"မျက်ဝန်းတွေက ပိတ်ကားပေါ်ကနေ တချက်လေးတောင်မျက်နှာလွှဲမသွား
ရုပ်ရှင်အပေါ်စိတ်ဝင်တစားမှု
အကြည့်တွေက နက်ရှိုင်းစွာပင်။"ဒါတွေအားလုံးက မင်းရဲ့အကြံဥာဏ်တွေလေ
ငါက မင်းအဆင်မပြေတဲ့အချိန် ခဏတာအတွက်
ဒီနေရာကိုမင်းအစားခဏတာဝန်ယူပေးရုံဘဲ"ဝမ်ရိပေါ်ပုံစံက ခံစားချက်မရှိအေးစက်စက်ဖြင့်သာ
တုန့်ပြန်လေတယ်"ဝမ်ချင်းဟော့ ငါ့အတွက်တာဝန်ဆိုတာ
အသက်ရှင်ပေးနေရုံကလွဲရင် မရှိခဲ့တာကြာပြီ"ပိတ်ကားထပ်က သူပင်အလွတ်ရလုနီးပါး ထပ်တလဲလဲပြသနေတဲ့ရုပ်ရှင်ကားကိုကြည့်ပြီး
သူ့ ညီအတွက် ချင်းဟော့စိတ်ထဲမကောင်းချေ။"ဒီဇာတ်ကားကိုဘဲ နေ့တိုင်းထပ်တလဲလဲ
ပြန်ကြည့်နေရင်း မင်းထပ်ပြီးခံစားနေရလိမ့်မယ်
စိတ်အပြောင်းအလဲဖြစ်အောင် ငါဝယ်လာပေးတဲ့ အခြားဇာတ်ကားတွေကြည့်ပါလား"