Zawgyi
ဝမ်groupရဲ့၃၅ထပ်မြောက်CEOရုံးခန်းတွင်
ဥက္ကဌဝမ်ဟာ သူ့ မျက်စိရှေ့ ကLaptopကို
မျက်လုံးတွေမှေးကျဉ်းစာတဲ့အထိစူးစိုက်ကြည့်ပြီးနောက် အမြဲတစေတင်းတင်းစေ့ထားလျှက်ရှိသော
နှုတ်ခမ်းများက ယခုအချိန်မှာတော့ထူးဆန်းစွာပင် ထိုနှုတ်ခမ်းများကအကြင်နာမဲ့စွာသော အပြုံးတခုအားတွန့် ချိုးစွာဆင်မြန်းထားလေတော့သည်။
ခဏကြာသော် ဒါရိုက်အဖွဲ့ ဝင်
ဖန်းချင်းယီတယောက် အရူးမီးဝိုင်း မျက်ရည်လည်ရွဲဖြင့် CEOရုံးခန်းရှေ့ 
ဒေါကြီးမောကြီးရောက်ချလာတော့၏။
"ဒုန်း ဒုန်း ဒုန်း"
"ဝမ်ရိပေါ် အယုတ်တမာကောင်
နင် ထွက်ခဲ့စမ်း!!!
"မဒမ် CEOရုံးခန်းနားအသံကျယ်ကျယ်
ဆူညံလို့ မရပါဘူး CEOနဲ့တွေ့ ချင်တယ်ဆို ကြိုတင်ရက်ချိန်းအရင်ယူပေးရပါလိမ့်မယ်"
"ဝမ်ရိပေါ် လူမဆန်တဲ့ကောင်
နင်ကနင့်အဖိုးလို အတ္တသမား တကိုယ်ကောင်းသမား မိသားစုချင်းကိုနင်အခုလောက်ထိ လုပ်ရက်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ဝမ်ရိပေါ် !!! ငါပြောနေတယ်
အခုချက်ချင်းတံခါးဖွင့်စမ်း!!
အတွင်းရေးမှူးပိုင် ဆွဲနေသည့်ကြားကပင်
ဖန်းချင်းယီမှာ ဒေါသမီးလျှံပေါက်ကွဲကာ
ကျန်ဝန်ထမ်းများလဲ ပတ်ကြမ်းနေတဲ့သူ့ ကို ထိန်းမနိုင်တော့ချေ။
တံခါးကိုတဒုန်းဒုန်းထုရိုက်ကာ
ဝမ်groupရဲ့ဥက္ကဌကိုဆဲဆိုပုတ်ခတ်
ပြောဆိုနေတဲ့ဖန်းချင်းယီကြောင့်
"မဒမ် အခုလိုဆက်လုပ်နေရင်
ကျနော်တို့ လုံခြုံရေးခေါ်ရပါလိမ့်မယ်"
"ခေါ် ခေါ်လေ ငါအဲမလောက်လေးမလောက်စားကောင်နဲ့
မတွေ့ ရမချင်း ငါဒီနေရာကနေတဖွာမှမခွာဘူး
နင်တို့ တိုင်ချင်တဲ့နေရာတိုင် ငါဂရုမစိုက်ဘူး"
"အားနာပါတယ် မဒမ် ကျနော်လုပ်သင့်လုပ်ထိုက်တာကိုလုပ်ရပါလိမ့်မယ်"
အတွင်းရေးမှူးပိုင်ဟာ ဖန်းချင်းယီအား
အတင်းဆွဲထုတ်ဟန်ပြုတော့ ဖန်းချင်းယီက
အတွင်းရေးမှူးစားပွဲပေါ်က ပန်းအိုးကိုဆွဲယူ၍
အတွင်းရေးမှူးပိုင်ခေါင်းကိုရိုက်ချပစ်တော့၏။
