အပိုင်း၃၇(Zaw+Uni)

1.7K 154 67
                                        

Zawgyi

အလင်းရောင်ပျပျသာရှိနေတဲ့အခန်း။

ဆိုဖာပေါ်မှာ ပွေလိမ်ပူးယှက်နေတဲ့ခန္ဓာကိုယ်၂ခုဟာ
မလင်းမမှောင်အရောင်ပျပျမီးရောင်ကိုအကာအကွယ်ယူကာ နမ်းရှိုက်သံတွေဟာလဲ ထိုသူ၂ဦးဆီကနေ အခန်းတခုလုံးကိုအရှက်မဲ့စွာထွက်ပေါ်နေလေ၏။

အနမ်းခံနေတဲ့လူရဲ့မျက်နှာထားကတော့
ရုပ်သေအတိုင်းမပြောင်းလဲ။

လက်ထဲကအရက်ပြင်းခွက်ကိုလှည့်ကာ
တစုံတရာကိုစောင့်စားနေဟန်။

"ဒေါက် ဒေါက်"

တံခါးခေါက်သံအကြားမှာတော့
သူ့ မျက်ဝန်းတွေဟာ လင်းလက်သွားပြီး ခေါင်းထောင်လာ၏။

"Boss သူရောက်နေပါပြီ"

"အမြန်ဆုံးခေါ်ခဲ့"

အမိန့်သံကြားသည်နှင့်တံခါးအပြင်ဘက်က ဒရိုင်ဘာဟာလျှင်မြန်စွာ ထွက်ခွာသွားလေသည်။

တချိန်လုံး မျက်နှာသေနဲ့ဝမ်သခင်လေးဟာ
တံခါးခေါက်သံအကြားမှာ သူမတူစွာ
လင်းလက်သွားတဲ့မျက်ဝန်း
ပြုံးယောင်သန်းသွားသော မျက်နှာထားဖြင့်
အောင်နိုင်သူတယောက်လိုအရက်ပြင်းကိုအရသာခံ
သောက်နေလေ၏။

ရှန့်ယောင်နားမလည်နိုင်။
barကိုရောက်လာထဲကသူ့ ကို Bossဆိုတဲ့မျက်နှာသေနဲ့ထိုကောင်ငယ်လေးက
သူ့ မေးကိုကြမ်းကြမ်းညစ်ကာ လိုက်ခဲ့ဆိုပြီးဒီအခန်းထဲခေါ်သွင်းလာခဲ့တာ

ရောက်ထဲက အေးစက်မျက်နှာထားက
အမူအယာမပြောင်း သူ့ ကိုစကားပင်တခွန်းမှမဟ။
သူ့ ပေါင်ပေါ် ထိုင်နမ်းခိုင်းထားတာ အခုထိပင်။

ဝင်လာထဲက တခွန်းဘဲမေးတယ်

"အသက်ဘယ်လောက်လဲတဲ့"

"20ပါ"လို့ သူပြန်ဖြေတော့မှ "နမ်း"လို့ ခက်ထန်စွာအမိန့်ပေးပြန်တယ်။

ရှန့်ယောင်ဟာ ဒီbarရဲ့ပန်းကလေးဆိုလဲမမှား။
ဖြူဖြူသေးသေးခန္ဓာကိုယ်နဲ့ခါးကျဉ်ကျဉ်လေး
အပြုအစုအယုအယကောင်းလေးတွေကြောင့် barကိုလာတဲ့customerကြားမှာ ရှန့်ယောင်ဟာရေပန်းအစားဆုံးနဲ့ကြေးအကြီးဆုံး။
ငွေရေးကြေးရေးအခက်အခဲကြောင့် သူဒီအလုပ်ကိုလုပ်နေပင်မဲ့သူရဲ့တညတာကိုတော့
အခုထိရောင်းချခြင်းမရှိခဲ့သေးပေ။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteМесто, где живут истории. Откройте их для себя