အပိုင်း၅၆(Zaw+Uni)

1.5K 114 48
                                        

Zawgyi

ဝမ်groupရဲ့စီးပွားရေးပါတနာဖြစ်တဲ့company
အသစ်ဖွင့်ပွဲpartyကို ရိပေါ်ရောက်ရှိနေလေတယ်

ပါတနာနဲ့တက်ရသည့်partyပွဲမို့ ရိပေါ်ကိုကိုနဲ့အတူ ပွဲတက်ချင်သော်လည်းအတွင်တွင်ငြင်းဆန်နေသည်မို့ နောက်ဆုံးအတွင်းရေးမှူးဖြစ်တဲ့လင်းယိကိုသာ
သူနဲ့အတူခေါ်လာလိုက်တော့သည်။

Celibrityတွေကိုကျော်လွန်၍
ပွဲထဲက လူတွေအားလုံးရဲ့အကြည့်တွေကို
သိမ်းကြုံးယူသွားသည့်ဝမ်မျိုးဆက်ဥက္ကဌငယ်၏
ဂုဏ်အရှိန်အဝါဟာမျက်နှာမလွှဲချင်လောက်သည်အထိ ကြီးမားလွန်းလေသည်။

အသက်ကြီးကြီးထိပ်ပြောင်ပြောင်ဗိုက်ပူပူ
စီးပွားရေးလုပ်ငန်းရှင်များကြား ဝမ်ဥက္ကဌငယ်ဟာ
ကြက်အုပ်ထဲကဇာမဏီငှက်လိုပင်အများသူငှာများထက် ချောမောထင်းလင်းလို့ နေ၏။

"ရွိုက်ကော ပါတနာမရှိဘူးလား
ဒါဆို အတူကဖို့ ဖိတ်ခေါ်လို့ ရမလား"

လက်ထဲကိုင်ထားတဲ့ရှန်ပိန်ခွက်ကိုတကျိုက်တည်း
မော့ချလိုက်ပြီးအတင့်ရဲလွန်းတဲ့ထိုမိန်းကလေးကို
ရိပေါ်အထင်သေးစွာကြည့်၍ပြောလိုက်တယ်

"ငါမကတက်ဘူး လစ်"

"မတက်ရင် သင်ပေးမယ်လေ
ဒီပျော်ရွှင်စရာညလေးကို အတူတူဖြတ်သန်းလိုက်ကြရအောင်"

စူးဝါးစွာတချက်စိုက်ကြည့်ပေးလိုက်တော့မှ
ထိုမိန်းကလေးမှာ သူ့ အနားက ခြေကုန်သုတ်
ထွက်သွားတော့လေ၏။

ပါတနာနဲ့တက်ရသည့်ပွဲဖြစ်လို့ ပါတနာမပါသည့်
သူဟာ မိန်းမရိုင်းများ၏သားကောင်ဖြစ်မှန်းမသိ
ဖြစ်လို့ နေ၏။

မိန်းခလေးများစွာရဲ့သိသိသာသာကော
မသိမသာပါပရောပရည်လုပ်ခြင်းများကို
စိတ်ရှုပ်စွာလျစ်လျူရှုနေရတော့၏။

စိတ်အိုက်စွာ အပြင်ထွက်မည်အပြုတွင်

"ရိပေါ်"

"အာ့ ချန်းကော"

"အချိန်မအားတဲ့ကြားက လာပေးလို့ 
မင်းကိုကျေးဇူးတင်တယ်ကွာ"

"မဟုတ်တာဘဲဗျာ"

" ဒါနဲ့ရှောင်းကျန့်ကောမပါဘူးလား"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora