အပိုင်း၃၁(Zaw+Uni)

1.1K 131 59
                                    

💚Zawgyi❤

ရှောင်းကျန့် ဘယ်ပုံဘယ်နည်းနဲ့ ရဲစခန်းရှေ့ 
ရောက်လို့ ရောက်လာမှန်းကိုယ့်ကိုကိုယ်မသိတော့။

သူ့ ခေါင်းထဲ သူ့ ညီအတွက်စိုးရိမ်ပူပန်ခြင်း
တခုထဲသာ ပြည်နှက်နေပြီးသောကအပူမီးမငြိမ်းနိုင်ပေ။

ယခုအချိန်မှာ ဘေးဘီပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းကြားနိုင်စွမ်းအာရုံတွေပါ
သူမှာပျောက်ဆုံးနေပြီး သူသိတဲ့တခုထဲသော
အရာဟာသူ့ ညီလေးထိခိုက်သွားသလားဆိုတာပါဘဲ

ကားရပ်တာနဲ့parkingထိုးတာတောင်
သူမစောင့်နိုင်တော့ဘဲ ကားတံခါးတွန်းဖွင့်ကာ ရဲစခန်းထဲကိုအလျှင်စလိုခြေလှမ်းကျယ်ကျယ်ဖြင့်

'ရဲစခန်း' တနည်းအားဖြင့် အပြစ်သားတွေခေတ္တချုပ်ထားတဲ့နေရာ။
သူ့ ညီလေးဟာ သူ့ ရဲ့ဆုံးမပဲ့ပြင်မှုမှာ
ကြီးပြင်းလာတဲ့ကလေး ရဲစခန်းလိုနေရာမျိုးနဲ့
လုံးဝအပ်စပ်မှုမရှိ။ဒါဟာတခုခု လွဲမှားနေမျိုးဘဲ
ဖြစ်ရမယ်လို့ သူတထစ်ချယုံကြည်ထားပင်မဲ့
သူ့ မျက်လုံးတွေကတော့ ဆူညံပွက်လောရိုက်နေတဲ့
ဝန်းကျင်မှာ ဝေ့ဝဲရှာနေမိတုန်းပင်။

လွဲမှားမှုလို့ သူခေါင်းစဉ်တက်ယုံကြည်ထားပင်မဲ့
သံတိုင်ကြားက နုနယ်တဲ့မျက်နှာလေးကို
မျက်ဝန်းထောင့်ကနေ ဖြတ်ခနဲ့တွေ့ လိုက်ရတော့

သူတုန်ရီစွာ ရိပေါ်အနားကိုဖြည်းဖြည်းချင်း လျှောက်သွားရင်း ခပ်တိုးတိုးခေါ်လိုက်၏။

"ရိပေါ်"

တီးတိုးတုန်ရီတဲ့ ခေါ်သံလေး~~

ရင်းနှီးနေတဲ့ခေါ်သံလေးကြောင့် နံရံမှာခေါင်းကို
မှီထားလျှက် မှိတ်ထားတဲ့ရိပေါ်မျက်ဝန်းတစုံဟာ
ရုတ်ချင်းပွင့်ဟလာလေတယ်

ရိပေါ်မျက်လုံးဖွင့်ဖွင့်မြင်လိုက်ရတာ
သက်ရှိကြွေရုပ်လေးရဲ့မျက်ဝန်းအိမ်
လှလှလေးကနေ တဖြည်းဖြည်း
ကြွေကျလာတော့မဲ့ဖြူဥဥပုလဲလုံးလေးတွေသာ

မကြာသေးတဲ့အချိန်လေးကမှ သူ့ ကိုစိတ်ပူလွန်းလို့ တချိန်လုံးတတွတ်တွတ်မှာနေရှာတဲ့ကလေးဟာ အခုတော့ပြောစရာစကားမရှိတော့တဲ့အတိုင်း
သူ့ ကိုငေးကြည့်ကာ တိတ်ဆိတ်နေလျှက်။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteTempat cerita menjadi hidup. Temukan sekarang