အပိုင်း၁၂(Zaw+Uni)

1.4K 144 18
                                    

💚Zawgyi❤

"ရိပေါ် ထမင်းစားရအောင်"

ကုတင်ပေါ်က ရိပေါ်ကိုရှောင်းကျန့်နှိုးတော့
စောင်ခေါင်းမြှီးခြုံထားတဲ့
ရိပေါ်က ကွဲအက်အက်အသံနဲ့ပြန်ပြောတယ်

"ကျနော်…ကျနော်မဆာဘူး
ကိုကိုအရင်စားနှင့်"

အလုပ်ထဲဈာဉ်ဝင်နေလို့ တခါတလေညဉ်နက်မှ ထမင်းစားဖြစ်ရင်တောင် ရိပေါ်က
သူ့ စားတဲ့အချိန်အထိစောင့်ပြီးအမြဲတူတူစားနေကျ

အချိန်ကိုကြည့်တော့ ည၈နာရီခွဲနေပြီ

*ဒီကလေးတော့ ညနေကကိစ္စ
ကောက်နေပြီထင်တယ်*

"ထပါ ရိပေါ်ထမင်းမစားရင် ကိုကိုလဲမစားတော့ဘူး"
ရှောင်းကျန့်ထိုသို့ ပြောတော့
ကုတင်ပေါ်ကနေ ချက်ချင်းထထိုင်တယ်
မျက်နှာကိုတော့ အောက်ငုံ့ ထားဆဲဘဲ

"ရိပေါ်"

သူခေါ်လို့ ခေါင်းမော့ကြည့်တော့
ထင်တဲ့အတိုင်းဘဲ မျက်လုံးတွေရဲလို့ 
ဒီကလေးငိုထားပြန်ပြီ

"ငိုထားတာလား"

"ကိုကိုက ကျနော့်ကို ရွတ်
လေသံမာမာနဲ့ဆူတယ် အထင်လဲသေးတော့
ဝမ်းနည်းတာပေါ့"

ရှောင်းကျန့်လဲ ခပ်ဖွဖွရယ်ရင်း
ရိပေါ်အနားတိုးကပ်သွားကာ ဆံပင်အုံထူထူလေးကိုခပ်ဖွဖွပွတ်သပ်ပေးတော့
သူ့ ဗိုက်ကိုခွေးပေါက်လေးလို သဘောတကျတိုးဝင်တယ်

"ဒါနဲ့များ ရိပေါ်ရယ် ဒါလေးနဲ့များငိုရတယ်လို့ 
ကိုကို့ ကလေးရယ် အသက်ဘယ်လောက်ရှိပြီလဲ
ရိပေါ်က ၃နှစ်ကလေးလား"

ရိပေါ်ထိုင်နေရင်း သူ့ ကိုကို့ ကိုမော့ကြည့်ကာ
"ကျနော်က ကိုကိုနဲ့ပတ်သက်ရင်ခံစားလွယ်လို့ ကျနော်မှာကိုကိုဘဲရှိတာ ကိုကိုကအဲလိုပြောတော့ဝမ်းနည်းတာပေါ့"
ပြောရင်း မျက်ဝန်းထဲမိုးခိုနေတဲ့မျက်ရည်စက်တွေက
ပြည့်လျှံလာပြီးအပြင်ကိုခုန်ထွက်တော့မယ်

"အမယ်လေး ငိုတော့မငိုလိုက်ပါနဲ့ ဖန်အသဲနုနုလေးရယ် ကိုကိုမှားသွားပါတယ် စိတ်မကောင်းမဖြစ်နဲ့တော့ နော်"

"ကိုကိုကကိုကိုညီလေးကို
ဘာလို့ အထင်သေးရမှာလဲ ဘယ်အရာမဆို သင်ယူတက်မြောက်လွယ်လွန်းတဲ့ကိုကို့ ညီလေးကို
စာမှာဆိုလဲအမြဲပထမ အားကစားဆိုလဲပထမ စင်ပေါ်ဆုများတက်ယူရင်ရှောင်ရှောင်းကျန့်တို့ များ လူကြားထဲမျက်နှာပွင့်ချက်ကတော့ပြောမနေနဲ့
ရိပေါ်လေးက ကိုကိုဂုဏ်ယူရဆုံးကိုကို့ ညီလေးမို့ ရိပေါ်လေးကို ကိုကိုကအကောင်းဆုံးတွေဘဲ
ဖြစ်စေချင်တာ ရစေချင်တာ
အဲဒါကြောင့် ညနေကကရုဏာဒေါသနဲ့ ကိုကိုမင်းကိုဆူမိသွားတယ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora