အပိုင်း၂၁(Zaw+Uni)

1.3K 137 22
                                    

💚Zawgyi❤

နောက်ဆုံးခက်ခက်ခဲခဲဖြင့်
ကိုကိုဆုံးဖြတ်ချက်ချပြီးစကားတခွန်းဆိုတယ်

"ချင်းဟော့ geမင်းနဲ့လိုက်ခဲ့နိုင်တော့မယ်
မထင်ဘူးရိပေါ်ကိုgeရဲ့မွေးနေ့တိုင်း
အတူရှိနေပေးမယ်ကတိပေးထားလို့ "

"ချင်းဟော့geတောင်းပန်ပါတယ်"

ကိုကိုမမေ့ဘူး ကိုကို့ လုံးဝမေ့မနေခဲ့ဘူး
'ကိုကိုမွေးနေ့မင်းရဲ့မွေးနေ့တိုင်းအမြဲတူတူရှိကြမယ်'
ထိုကတိလေးကို နှစ်တွေအများကြီးကြာတာတောင် ကိုကိုအခုထိတည်ပေးနေတုံး

ရိပေါ်ကိုကို့ ကိုမျက်ရည်လည်စွာကြည့်နေပင်မဲ့
ချင်းဟော့ကတော့ စိတ်ထဲမှာအပြင်းအထန် ပေါက်ကွဲနေပင်မဲ့ မြိုသိမ့်ရင်းဟန်ဆောင်ပြုံးကာ

"ရပါတယ် geရယ် geသဘောပါ
နက်ဖြန်တနေ့လုံးမရရင်တောင် ညစာဖြစ်ဖြစ်
ကျနော်နဲ့လိုက်စားပေးပါ့လား ကျနော်တောင်းဆိုတာပါ"

ရှောင်းကျန့် ချင်းဟော့စကားကို ငြင်းရခက်နေတာကြောင့် ရိပေါ်မျက်နှာကိုအကဲခတ်ကြည့်တယ်

*geရယ် ဒီသောက်ကလေးစိတ်အနှောက်အယှက်
ဖြစ်မှာ ဒီလောက်တောင်စိုးရိမ်သလား
geရဲ့ရွေးချယ်မှုက အမြဲဒီကလေးအတွက်ဘဲလား"

သူ့ ကိုကြည့်ကာ ငြင်းရခက်နေတဲ့ကိုကို့ ကို
ကြည့်ပြီး ရိပေါ်ချင်းဟော့ကိုပြောလိုက်တယ်

"ရတယ်လေ ခင်ဗျားကိုကိုနဲ့ညစာစားချင်သပဆို
အိမ်လာခဲ့ ကျုပ်တို့ ကတော့ ဈေးကြီးအစားအသောက်တွေ မစားတက်တော့ အိမ်မှာဘဲကိုယ်တိုင်ချက်စားကြတယ်
ခင်ဗျားတို့ သူဌေးတွေစားနေကျဟိုတယ်ကြီး စားသောက်ဆိုင်ကြီးတွေကမဟုတ်ဘဲ
ဆင်းရဲသားညီကို၂ယောက်အိမ်ကမပြည့်မစုံထမင်းဝိုင်းကို ခင်ဗျားကပ်စားချင်ရင်တော့လာခဲ့ပေါ့
ကျုပ်ကတော့ ခင်ဗျားကိုဧည့်ကောင်းဆောင်ကောင်းလို တကူးတကဆက်ဆံပေးနိုင်မယ်မထင်ဘူး"

ရိပေါ်မျက်ခုံးပင့်ကာ ပြောလိုက်တော့
ချင်းဟော့ ရိပေါ်ကိုခပ်ထေ့ထေ့ပြန်ကြည့်ကာ

"ရတာပေါ့ geမွေးနေ့ ဘဲ
ကိုယ်ရောက်အောင်ကိုမဖြစ်ဖြစ်အောင်လာမှာ"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteNơi câu chuyện tồn tại. Hãy khám phá bây giờ