အပိုင်း၃၈(Zaw+Uni)

1.6K 160 39
                                        

Zawgyi

ခန္ဓာကိုယ်က အနည်းငယ်သောနာကျင်မှု ပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူရှောင်းကျန့်
အိပ်ယာကနေနိုးထလာခဲ့တယ်

မျက်လုံးတွေပွင့်သည်နဲ့ပတ်ဝန်းကျင်ကို
စူးစမ်းလိုက်တော့ သူရောက်နေတဲ့နေရာဟာ သူပိုင်ဆိုင်တဲ့တိုက်ခန်းအိုလေးမဟုတ်ခဲ့ ကြီးမားကျယ်ပြန့်တဲ့အထက်တန်းစားကွန်ဒို
တခုသာဖြစ်လို့ နေ၏။

အခန်းတခုလုံး အဖြူရောင်ကိုသာအဓိကထား
အသုံးပြုထားပြီးမွေ့ ယာဖြူဖြူစောင်ဖြူဖြူထက်က
သူ့ ခန္ဓာကိုယ်ပေါ်မှာလဲ အဖြူရောင်ရှပ်တထည်နဲ့ ချည်ဘောင်းဘီတထည်က လဲလှယ်ပြီးသားပင်။

ထိုစဉ် တံခါးခေါက်သံဆက်ဆက် ထွက်ပေါ်လာပြီး သူရှိရာအခန်းထဲဝင်လာသူတဦး။

"နိုးနေပြီလား ရှောင်းကျန့်"

ကောင်းချွီကိုတွေ့ တော့ ရှောင်းကျန့်အံ့သြသွားပြီး

"ကောင်းချွီ မင်းဘယ်လိုလုပ်ပြီး…"

ကောင်းချွီဟာ ပျားရည်ခွက်ကိုစားပွဲပေါ်တင် ဇွန်းနဲ့မွှေလိုက်ပြီးရှောင်းကျန့်ဆီကမ်းပေးလေတော့

သူလဲယောင်နနဖြင့်ယူထားလိုက်၏။

ကောင်းချွီဟာ သူထိုင်နေတဲ့
မျက်နှာချင်းဆိုင်မှာဝင်ထိုင်ပြီး
သူ့ ကိုငေးကြည့်၍ပြောလာတယ်

"အင်း အဖျားတော့ကျသွားပြီ
မင်းလန်းဆန်းသွားအောင်ဒါကိုအရင်သောက်လိုက်"

အခန်းတွင်း၂ယောက်သားတိတ်ဆိတ်နေရင်းက
ကောင်းချွီဟာ ဖြူဖွေးဖွေးနံရံကို
ငေးကြည့်ရင်း ဖြေးအေးစွာဆိုလာတယ်

"မင်း ဘာမေးမလဲငါသိတယ်
မနေ့ညက ငါအိမ်မှာရှိနေတုန်း
ကမန်းကတမ်းဖုန်းတကောရခဲ့တယ်
မင်းဖျားနေလို့ အမြန်လာပေးပါဆိုပြီး"

ထို့ နောက်ကောင်းချွီဟာ သက်ပြင်းရှည်ချ မျက်တောင်တွေတဖျတ်ဖျတ်ခတ်ရင်း
ဆက်ပြောလေတယ်

"ငါဒီရောက်တော့ အဖျားတက်နေတဲ့
မင်းဘေးကနေ မင်းကိုတချိန်လုံးအရိပ်လိုကြည့်ပြီး နဖူးကချွေးတွေကိုကြင်ကြင်နာနာသုတ်ပေးနေတဲ့
ချင်းဟော့ကိုတွေ့ လိုက်ရတယ်။
ငါရောက်နေတာအတော်ကြာမှသူသတိထားမိပြီး ငါ့ကိုမင်းအတွက်အဝတ်လဲထားပေးဖို့ နဲ့ သူဆရာဝန်သွားခေါ်နေတုန်းမင်းအနားစောင့်ပေးဖို့ အတန်တန်အထပ်ထပ်မှာသွားတယ်"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteМесто, где живут истории. Откройте их для себя