အပိုင်း၃၅(Zaw+Uni)

1.9K 139 48
                                    

💚Zawgyi❤

လမိုက်ညရဲ့ကောင်းကင်ယံကနေ ဖြတ်သန်းသွားတဲ့ညလင်းနို့ လူသားလေး။ အိမ်တော်ရဲ့အပြင်ဘက်သစ်ပင်မြင့်ဆီ သူခြေကုတ်ရသည်နဲ့အိမ်တော်နဲ့သွယ်တန်းထားတဲ့
ကြိုးကိုခေါက်ဓားဖြင့်ဖြတ်ချလိုက်တယ်

ထိုနောက် သစ်ပင်မြင့်ကနေမျောက်ကလေးတကောင်ပမာ လျှင်မြန်စွာတွယ်ဆင်းသွားပြီးမြေပြင်ပေါ်ရောက်သည်နှင့်
ကျောမှာလွယ်ထားတဲ့စကိတ်ဘုတ်ကိုချ
လမ်းမထက် လေချွန်ရင်း အေးအေးလူလူပင်
စီးသွားလေသည်။

ဆိတ်ငြိမ်ရပ်ကွက်ဖြစ်လို့ 
တိတ်ဆိတ်ရှင်းလင်းနေတဲ့လမ်းမကြီးထက်
သူတယောက်သာရှိလေ၏။

လေပြေနုနုလေးတွေက သူ့ ကို ဖြတ်သန်းတိုက်ခတ်သွားတဲ့အခိုက်

"အူး…ဟူး"

လှောင်အိမ်က လွှတ်ထွက်လာတဲ့ ငှက်ကလေးတကောင်ပမာ သူဟာမြူးထူးတက်ကြွစွာအသံပြုလိုက်၏။

ဘယ်သူ့ ကိုမှ သောက်ဂရုစိုက်နေစရာမလို။
သူလိုချင်တဲ့ လွတ်လပ်မှုဆိုတာ ဒါမျိုးပင်။

သူ့ ဘဝကို ကိုကိုကလွဲလို့ 
ဘယ်သူမှဝင်ရောက်ဆေးခြယ်ခွင့်မရှိပေ။
ကိုကိုပေးခဲ့တဲ့အသက်ကို ကိုကိုသာပိုင်တယ်။

>>>>>>>>>>

ည၁၀နာရီထိုးတော့မည်။

ရှောင်းကျန့်အခုထိဆိုင်မပိတ်သေးပေ။
ဧည့်စားပွဲပေါ်မှာည၇နာရီလောက်ထဲက
ယွီပင်းထားပေးခဲ့တဲ့စားစရာအချို့ ။
ထမင်းစားခန်းကစားပွဲပေါ်တင်ထားခဲ့လျှင်
သူထမစားဘူးဆိုတာကြိုသိလို့ 
ရည်ရွယ်ချက်ရှိရှိကို ယွီပင်းက
သူ့ စက်ခုံနားကဧည့်စားပွဲပေါ်သူမြင်သာအောင် တမင်တင်ပေးသွားခဲ့တာ

ဟင်းတွေက အေးစက်ကာ ဘေးက
ကိုလာဘူးကတော့ အရည်တွေတောင်ပျော်ကျလို့ ။
သူကိုလာမသောက်တာ သူ့ ညီလေးသာသိတယ်
သူ့ ညီလေးဆို ကိုလာအစားGreen Teaတခွက်ကို သူ့ အတွက်သေချာပေါက်ဖျော်ပေးမှာ။

အစားလဲတစိုးတစိမျှသူစားချင်စိတ်ရှိမနေ။
ဘာအကြောင်းတွေးတွေး နောက်ဆုံး
သူ့ ညီလေးနဲ့သာအတွေးကအဆုံးသတ်တယ်။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now