အပိုင်း၄၂(Zaw+Uni)

2K 202 47
                                        

Zawgyi

"ချင်gpရဲ့လေလံပွဲ တက်မှာလား"

Laptop Screenကိုစူးစိုက်ကြည့်နေတဲ့
မျက်ခုံးတွေဟာတွန့် ချိုးသွားပြီး တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေက
အရေးမကြီးဟန် ပြန်ဖြေတယ်

"ချင်gp ငါကဘာသွားလုပ်ရမှာလဲ"

"မင်းဘဲပြောတယ်လေ လရောင်ဖြာအေးဆိုတဲ့
ပန်းချီကား ချင်လေလံပွဲမှာအဲပန်းချီကားပါပါမှာ"

အလုပ်ကိုအာရုံစိုက်နေတဲ့ရိပေါ်ဟာkeyboard
လက်ကွက်ကိုသွက်သွက်နှိပ်နေရင်းက
အေးစက်စွာပြန်ဖြေတယ်

"ပြိုင်ဘက်အဆင့်မရှိပင်မဲ့ သွားတော့လေ့လာကြည့်တာပေါ့"

လင်းယိက တုန်ဆိုင်းဟန်ဖြင့်ဆိုတယ်

"ချင်ဥက္ကဌ ကျန်းမာရေးမကောင်းလို့ 
အခုအိပ်ယာထဲလဲနေတယ် လက်ရှိသူ့ မြေးချင်ဇီက ချင်လုပ်ငန်းတွေဦးဆောင်ပြီးချင်က္ကဌနေရာကို တာဝန်ယူထားတယ်"

ချင်ဇီဆိုတဲ့အမည်နာမကြောင့် keyboardပေါ်ပြေးလွှားနေတဲ့
ရိပေါ်လက်တုန့်သွားပြီး လင်းယိကိုမျက်လုံးလှန်ကြည့်တယ်

"အဲကောင်က ဥက္ကဌ"

"ယာယီပါ အတည်တကျတော့မလွှဲပြောင်းရသေးပါဘူး"

အရူးဘုံမြောက်တော့ဖြစ်ပြီဆိုတာ
ရိပေါ်နားလည်လိုက်တယ်
ချင်ဇီဆိုတဲ့ကောင်က လုပ်ပိုင်ခွင့်တဲ့
အခွင့်အရေးပိုယူတက်တဲ့ကောင်။

"ချင်ယု ကရော
သူက ချင်ဇီဆိုတဲ့လူ့ ငနွားထက်ပိုသင့်တော်လိမ့်မယ်"

"ပထမသခင်လေးရဲ့သတင်းကို ဘယ်သူမှမသိရသေးပါဘူး"

"နောက်တနာရီဆို လေလံပွဲကစတော့မှာ
အချိန်မှီအောင် အခုဘဲသွားကြတော့မလား"

ရိပေါ်Computerကိုပိတ်လိုက်ပြီး
တနေရာကိုဖုန်းလှမ်းဆက်တယ်

"သိတာနဲ့ ချက်ချင်းအကြောင်းကြား"

အပေါ်ကုတ်ကိုထပ်ဝတ်ကာ လေလံပွဲရှိရာ
ချင်gpကိုထွက်လာလိုက်တယ်

ကားရှေ့ ခန်းမှာလင်းယိဟာ ကားမောင်းနေပြီး
ကားနောက်ခန်းကရိပေါ်ကတော့ အလေးအနက်
တွေးတောနေလေတယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora