💚Zawgyi❤
"မား"
'မား'တဲ့ အခြားသူတွေအတွက်တော့
မိခင်တယောက်ရဲ့အရေးပါမှုကကြီးမားလွန်းပင်မဲ့
သူ့ အတွက်တော့ စိမ်းသက်နေတဲ့အခေါ်အဝေါ် တခုထပ်မပို။သိတက်စအရွယ်ကစပြီးသူခေါ်လာတဲ့ တခုသောသူ့ အတွက်အရေးပါအရာရောက်တဲ့ စကားစုက ကိုကိုသာလျှင်။ရိပေါ်သူ့ ရှေ့ က အုတ်ဂူကိုအချိန်အတော်ကြာကြာ
ထွေထွေကြီးရပ်ကြည့်မိလေတော့တယ်ရှောင်းကျန့်စိတ်နဲ့လူနဲ့မကပ်တဲ့ ရိပေါ်ကိုအချိန်အတော်ကြာကြည့်နေရင်းကနေ
တဖြည်းဖြည်းတုန်ရီလာတဲ့ ရိပေါ်ခန္ဓာကိုယ်
တင်းခံထားတဲ့ငိုရှိုက်သံသဲ့သဲ့ကြောင့်
ရှောင်းကျန့်ရိပေါ်အနားသွားကာတုန်ရီနေတဲ့ ခန္ဓာကိုယ်လေးကိုဖက်ထားလိုက်ပြီးနှစ်သိမ့်ပေးလိုက်တယ်"ရိပေါ် မင်းရဲ့မားက မင်းကိုစွန့် ပစ်ခဲ့တာမဟုတ်ပါဘူး ကလေးရယ်"
ထိုနေ့ ကို ရှောင်းကျန့်ရှင်းလင်းစွာမှတ်မိနေသေးတယ်
နှင်းမုန်တိုင်းဒဏ်ကြောင့် အေးခဲလှတဲ့အချိန်ကြီးမှာ
သွေးစိမ့်စိမ့်စီးနေတဲ့ လက်မောင်းဒဏ်ရာ
ဖိနပ်ပင်မပါ ကွဲပြဲစုတ်ပျက်နေတဲ့ဒဏ်ရာတွေကို
မမှုဘဲ ရင်ခွင်ထဲကဖျားနေတဲ့ကလေးကိုချီရင်း
ဒီအထိအသက်လုပြေးလာခဲ့တဲ့ ကျဲရဲ့ပုံစံကို
ရှောင်းကျန့်ပြန်မြင်ယောင်လာတယ်ကျဲရဲ့နောက်ဆုံးထွက်သက်အထိ
တောင်းဆိုခဲ့တဲ့တခုတည်းအရာက "ဝမ်လေးကိုကယ်ပေးပါ ဝမ်လေးကိုစောင့်ရှောက်ပေးပါဟူ၍သာ"ရိပေါ်ကြေကွဲစွာဖြင့်
"သူအရမ်းလွန်တယ် ကိုကိုရဲ့
ကျနော့်ကိုတယောက်ထဲထားခဲ့တယ်
ကျနော်မှာ သူ့ နဲ့ပတ်သက်တဲ့ မှတ်ဥာဏ်လေးတခုတောင် ချန်ပေးမသွားခဲ့ဘူး။
နောက်ဆုံး နောက်ဆုံးဗျာ သူ့ မျက်နှာဘယ်လိုပုံစံရှိတယ်
သူ့ နာမည်ကဘာဆိုတာတောင်ကျနော်မမှတ်မိတော့ဘူး။""ကျနော့်ဘဝတလျှောက်လုံး မိမရှိဖမရှိ
မိဘမဲ့ဘဝနဲ့ညှိုးငယ်စွာဖြတ်သန်းခဲ့ရတယ်
သိတက်စအရွယ်ကစပြီး ပါး မားဆိုတဲ့
အခေါ်အဝေါ်ကိုသေတဲ့အထိမခေါ်ရတော့ဘူးထင်နေခဲ့တာ ဒီလောက်စိတ်ဒဏ်ရာတွေပေးခဲ့ပြီးမှ
ကျနော်ကို ကိုကိုဆီစိတ်ချလက်ချထားခဲ့ပြီး
သူကတော့ တကြိမ်တခါလေးတောင်
ကျနော့်ကိုပြန်တွေ့ ခွင့်မပေးဘဲစိတ်ချလက်ချ ထွက်သွားခဲ့တယ်"