အပိုင်း၃၉(Zaw+Uni)

1.4K 162 54
                                    

💚Zawgyi❤

"သခင်လေးက သုံးထပ်ကသူ့ အိပ်ခန်းထဲမှာပါ ဒီလှေကားအတိုင်းတက်သွားလိုက်Sean"

အိမ်တော်ထိန်းရဲ့ပြောကြားချက်အရ ရှောင်းကျန့်ဟာအိတ်ကလေးကိုလွယ်
suitဘူးလေးကိုရင်ဝယ်ပိုက်ကာ ဝမ်သခင်လေး
အိပ်ခန်းရှိရာသုံးထပ်မြောက်ဆီတက်လာလိုက်တယ်

"ဒေါက် ဒေါက်"

သူတံခါးခေါက်တော့ သြရှရှအသံက အချိန်ကိုက်ထွက်ပေါ်လာတယ်

"ဝင်လာခဲ့"

အခန်းကျယ်ကျယ်အိပ်ခန်းထဲသူဝင်သွားတော့
သူတခါမှမမြင်ဖူးတဲ့ ရိပေါ်ရဲ့ပုံစံကိုတွေ့ လိုက်ရတယ်။ ရိပေါ်ဟာပိုးသားညအိပ်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီစာရွက်စာတမ်းတွေနဲ့စားပွဲမှာထိုင်အလုပ်လုပ်နေတယ်။

အထူးဆန်းဆုံးက စူးရဲရဲမျက်လုံးတွေရှေ့ မှာ နေရာယူထားတဲ့ခပ်ပါးပါးငွေမျှင်ကိုင်းမျက်မှန်လေး။
မျက်မှန်တပ်ထားတဲ့ရိပေါ်ရဲ့ပုံစံကိုဒီတကြိမ်မှသာ သူဦးဆုံးမြင်ဖူးခြင်းဖြစ်၏။

အလုပ်အပေါ်အာရုံစိုက်နေတဲ့လေးနက်စူးရှတဲ့
မျက်ဝန်းတွေ တန်ဖိုးကြီးညအိပ်ဝတ်စုံရှည်ကို
ဖြစ်သလို ကပိုကရိုဝတ်ထားသော်လည်း
ဝမ်ရိပေါ်ရဲ့ခန့်ညားထည်ဝါမှုကပျောက်မသွား။
ထိုမျက်မှန်ပါပါးလေးဟာ ရိပေါ်ကိုရှိရင်းစွဲထက် ပိုပြီးလေးနက်တည်ငြိမ်တဲ့အသွင်ကိုဆောင်စေ၏။

အလုပ်လုပ်နေတဲ့သူ့ ကိုအတန်ကြာ
ရှောင်းကျန့်ရပ်စောင့်ပေးနေတော့
အလိုမကျသံက ထွက်ပေါ်လာတယ်

"ခင်ဗျားမှာ ဖင်မပါဘူးလား"

"ဟို...ဟို "

မျက်မှောင်ကျုံ့ ကာ အလိုမကျတဲ့ပုံစံကြောင့်
ရုတ်တရတ် ရှောင်းကျန့်လဲလန့်ပြီးပြောင်လက်နေတဲ့ ကြမ်းခင်းပေါ် ယောင်နနဖြင့်ထိုင်ချလိုက်၏။

"ကျစ်"

သူ့ လုပ်ရက်ကြောင့် ရိပေါ်ရဲ့မျက်နှာထားပိုမိုတင်းသွားပြီး
အလုပ်လုပ်နေရာကနေ သူ့ ဆီခြေလှမ်းကျဲကျဲဖြင့်

ထိုနောက်သူ့ တကိုယ်လုံး လေထဲမြောက်တက်သွား၏။

"ကလေးလိုတွေ့ ကရာမှာလျှောက်ထိုင်မနေနဲ့"

ပန်းပျိုးလက်(ပန်းပျိုးလက်)Completeحيث تعيش القصص. اكتشف الآن