💚Zawgyi❤
"တီ တီ တီ တီ"
Alarmမြည်သံကြောင့် ရှောင်းကျန့်သူ့ ကို တင်းတင်းဖက်ထားတဲ့ရိပေါ်လက်မောင်းကို ဖြေးဖြေးတွန်းဖယ်ကာ အော်နေတဲ့နာရီကို ရိပေါ်နိုးမှာစိုးလို့ အလျှင်အမြန်သွားပိတ်လိုက်တယ်
နာရီလက်တံတွေညွှန်းပြထားတဲ့အချိန်ကား
မနက်လေးနာရီခွဲ။ကုတင်ပေါ်က ရိပေါ်လေးကတော့ အပြစ်ကင်းစင်စွာ နှစ်နှစ်ခြိုက်ခြိုက်ဆက်အိပ်ပျော်နေလေတယ်
မျက်နှာသစ်သွားတိုက်ပြီးရေခဲသေတ္တာထဲက
ဟင်းချက်စရာတွေထုတ်ကာအေပရွန်ဝတ်
ချက်ပြုတ်ရန်မီးဖိုထဲဝင်လာလိုက်တယ်ရိပေါ်လေးအကြိုက် ရတနာရှစ်ပါးဘဲသားဟင်းရယ်
ဝက်နံရိုးကင်လေးရယ်ကြက်သွန်ဖြူမုန်ညှင်းကြော်ရယ် ချဉ်ချဉ်စပ်စပ်ပုစွန်အစိမ်းသုတ်ရယ် ပြီးတော့
မွေးနေ့ မှာမစားမဖြစ် သက်ရှည်ခေါက်ဆွဲလေးရယ်
ချက်ရန်ပြင်ဆင်လိုက်သည်။'သိုးသား'
ရိပေါ်ကသိုးသားသိပ်ကြိုက်တယ်
ဈေးကြီးပင်မဲ့ ဒီခါတော့ရှောင်းကျန့်လက်မတွန့်ဘဲ
ညနေကိုသိုးသားဟော့ပေါလုပ်စားရန်
တွေးထားလိုက်သည်။ရိပေါ်က တက္ကသိုလ်တက်နေပြီဖြစ်တာကြောင့်
မနက်စာကိုအိမ်မှာသာစားသည်။ရှောင်းကျန့်ပိုက်ဆံထည့်ပေးပင်မဲ့နေ့လည်စာကိုကျောင်းမှာဘယ်တော့မှဝယ်မစားဘူး သူပေးတဲ့ပိုက်ဆံကိုလဲမယူဘူး။
ဒါနဲ့ထမင်းဘူးထည့်ပေးတော့ကိုကိုအလုပ်ပိုမှာစိုးလို့ တဲ့မယူပြန်ဘူး။ဒါကြောင့်ရိပေါ်အတွက်မနက်စာကိုသာရှောင်းကျန့်အဓိကထားပြင်ပေးရတယ်ရိပေါ်က ဘာဖြစ်ဖြစ်မစားလဲရတယ်
သူအလုပ်ရှုပ်မှာစိုးလို့ အလွယ်ပြောပင်မဲ့
သူကိုက အလေးအနက်ထားလုပ်ပေးချင်နေတော့
ထချက်ရတာပါဘဲလေအရင်ကမနက်စာကိုရိပေါ်ထထပြင်ပေးတယ်
အခုတော့ ဒီကလေးဟာ ညစာစားပြီးတာနဲ့
ကိုယ်လက်သန့် တန်းအိပ်ရာဝင်တယ်
အိပ်ရင်လဲတချိုးထဲမနက်အထိလုံးဝမနှိုးတော့ဘူး
ကျောင်းမှာစာလုပ်ရတာပင်ပန်းတယ်နေမယ်ရှောင်းကျန့်စိတ်ပါလက်ပါချက်ရင်းပြုတ်ရင်း
မနက်၇နာရီတောင်ခွဲသွားပြီ