အပိုင်း၈(Zaw+Uni)

1.4K 160 11
                                    

💚Zawgyi❤

"ထွက်သွားစမ်း!!ခွေးသူတောင်းစားလေးတွေ!!

ခြံရှေ့ ကိုပစ်လွှတ်ခြင်းခံလိုက်ရတဲ့အမှိုက်တထုပ်နဲ့ 
သူတို့ ညီကို၂ယောက်

"ဦးလေး!!! အန်တီ!!!

ကျန့်ကျန့်မှာခြံတံခါးလေးကိုထုရိုက်ကာ
တကြော်ကြော်အော်ခေါ်တယ်

"ဦးလေး အန်တီကျနော်တို့ ညီကိုက
ဦးလေးမော်ရဲ့မွေးစားသားတွေပါ
အမွေစားအမွေခံစာချုပ်စာတမ်းနဲတကွ
တရားဝင်မွေးစားထားတာပါ
အခုလိုလက်လွှတ်စပယ် မောင်းထုတ်လို့ မရပါဘူး"

အိမ်ထဲက အမျိုးသမီးက

"နင်မှာ ဘာအထောက်အထားရှိလဲ
ငါ့ယောကျာ်းရဲ့ဦးလေးလင်မယားကဘာကလေးမှမမွေးထားဘူး။ပြီးတော့အမွေဆိုတာလဲ ဦးလေးမော်ရဲ့ တဦးတည်းသောသွေးသားတူအရင်းဖြစ်တဲ့
ငါ့ယောကျာ်းဘဲရရမှာပေါ့ နင်တို့ ကဘာဆိုင်လို့ လဲ
ရှုပ်ရှုပ်ယှက်ယှက်တွေ သွားသွား ငါ့အိမ်ရိပ်တောင်လာမနင်းနဲ့ "

ရိပေါ်လေးကဘာမှမပြောဘဲ
အိမ်ကိုခဲနဲ့ ပစ်ပေါက်လိုက်တယ်

"ခွမ်း!!!

"ဒီမိမစစ် ဖမစစ်လေးတွေကတော့"

"ရိပေါ်လေး ဘာလို့ အဲလိုလုပ်ရတာလဲ"

အိမ်ထဲက လင်မယား၂ယောက်က
ပြတင်းပေါက်မှန်ကွဲသွားတာကြောင့်
အိမ်ပြင်ကိုဒေါကြီးမောကြီးနဲ့ ထွက်လာတယ်

"တိုတို ဒီလူတွေက ဦးဦးမော်ကြောဖူးတဲ့
လောင်းကချားသမားတွေ"

ဦးလေးမော်ရဲ့ တူအရင်းလင်းမယားက
နယ်တကာလှည့်ဖဲရိုက်လောင်းကစားလုပ်ကြတယ်
ဦးလေးမော်တို့ ရှိတုန်းက အိမ်ရိပ်ပင်မနင်းရဲကြပင်မဲ့
အခုဦးလေးမော်တို့ ဆုံးတော့ဘယ်ကနေဘယ်လို
အိမ်ကိုရောက်လာမှန်းမသိ အခုလဲအိမ်ကို အပိုင်စီးကာ သူတို့ ညီကိုကိုခြံပြင်နှင်ထားလေသည်။

"အောင်မယ် အောင်မယ် မလောက်လေးမလောက်စားလေးကများ"

"ကျနော့်မှာ သက်သေအထောက်အထားပြနိုင်တယ်
ဦးလေးတို့ လင်မယားကော ဒီအိမ်ကိုပိုင်တယ်ဆိုတာ
သက်သေအထောက်အထားပြနိုင်လား"

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteWhere stories live. Discover now