အပိုင်း၂၇(Zaw+Uni)

1.3K 139 28
                                        

💚Zawgyi❤

ဒီနေ့ဟာ အိမ်မှာညီကို၂ယောက်လုံးရှိတဲ့နေ့လေး။

ရှောင်းကျန့်ရိပေါ်အတွက်မနေ့ကရေခဲသေတ္တာထဲကျန်တဲ့ခရုတဝက်ကို ခရုဆန်ပြုတ်ပြုတ်ထားလိုက်ပြီး
ရိပေါ်နိုးလာမှနွှေးကျွေးရန်ပြင်ထားလိုက်တယ်

မနေ့ကလက်စသတ်ရန်ကျန်နေတဲ့ဖိနပ်တွေကို
ဆက်ချုပ်နေတုံးသူ့ ဆိုင်ရှေ့ ကိုကားအကောင်းစား
တစီးထိုးရပ်လာတယ်

ဆိုင်ထဲဝင်လာတဲ့ဧည့်သည်ကို
ရှောင်းကျန့်ပျူငှာစွာခရီးဦးကြိုပြုရင်း

"Sean မတွေ့ တာကြာပြီးနော်"

"ဟုတ်တယ် ကျဲချင်းယီ
ကျနော်က ဝမ်အိမ်တော်ကိုတခါတရံမှ
ရောက်ဖြစ်လို့ ပါ"

"တို့ ကကျဲအရွယ်မဟုတ်ပါဘူး
တို့ မှာမင်းနဲ့ရွယ်တူ နီးပါးသားတယောက်တောင်
ရှိသေးတယ်"
ကျဲကဆိုတော့ သူပြုံးသာနေလိုက်တယ်

ထိုစဉ်ကားပေါ်က ဆင်းလာတဲ့ မိန်းမငယ်လေးတယောက်ဖြူလွန်းတဲ့အသားအရည် ခန္ဓာကိုယ်နဲ့fittingကျကျပေါင်လည်လောက်ရှိတဲ့
အသားရောင်ဂါဝန်တိုကိုဝတ်ဆင်ထားတယ်

ဝတ်လာတဲ့အဝတ်အစား၊ကိုင်လာတဲ့အိတ်
စီးထားတဲ့ဒေါက်ဖိနပ်မြင့်မြင့် အညိုရောင်
လှိုင်းတွန့်ဆံနွယ်လေးတော်ရုံအလှအပမခံစားတက်တဲ့ ရှောင်းကျန့်ပင်လျှင် ငေးခနဲ့ဖြစ်သွားမိတယ်

"ဝေ့ဝေ ပြောတော့ဆင်းမလာတော့ဘူးဆို"

"ကားထဲမှာပျင်းလာတာနဲ့"

"ဝေ့ဝေ ဒါလက်ရှိဝမ်သခင်ကြီးတို့ ကို ရိုးရာဝတ်စုံချုပ်ပေးနေတဲ့Sean"

ရှောင်းကျန့်ပြုံးရင်းနှုတ်ဆက်တော့

"အကို ဝေ့ဝေကိုမမှတ်မိဘူးလား"
အနီးကပ်ကြည့်မှ မြင်ဖူးသလိုရှိတာကြောင့်
ဦးနှောက်ကိုအသည်းအသန်အလုပ်ပေးလိုက်တော့
လွန်ခဲ့နှစ်က ရိပေါ်နဲ့အတူThe whole Queen ရသွားတဲ့ညီမလေးမှန်းသတိရသွားတယ်

"ကိုယ်သတိရပြီ ညီမကဖန်းဝေ့ဝေဟုတ်တယ်မှတ်လား"

"ဟာ အကိုကမှတ်မိသားဘဲ"

"Aww အချင်းချင်းသိနေကြတာလား"

ကျဲချင်းယီက မေးတော့ရှောင်းကျန့်ကရှင်းပြတယ်

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteDonde viven las historias. Descúbrelo ahora