💚Zawgyi❤
ကောင်လေးက သူ့ ကိုပွေ့ ချီပြီး
ကားထဲကထိုင်ခုံပေါ်တင်ပေးကာ
ထိုင်ခုံခါးပတ်ပါအသာအယာပတ်ပေးတယ်ကားလမ်းက ဒီနေ့ ကျမှလိုတာထပ်ပိုပိတ်နေသလိုဘဲ
မီးပွိုင့်ရှေ့ မီးရထားတွဲအလားအတန်းရှည်လိုက်ကြီးကားထဲက အေးစက်နေတဲ့လေထုကို
ကောင်လေးက စတင်ဖြိုခွဲလိုက်တယ်"ဟို ဒီကဘယ်လိုခေါ်ရမလဲ
ကျနော့်ထက်တော့ငယ်မယ်ထင်တယ်"သူမေးတော့ ခပ်ရဲရဲနှုတ်ခမ်းလေးကဖွင့်ဟလာကာ
ခပ်တိုးတိုးလေးဖြေတယ်
"ရှောင်းကျန့် 25"တစိတ် ဒီနှစ်တက်တက္ကသိုလ် ကျောင်းသားလေးနဲ့တူတဲ့ သူလေးက 25နှစ်တဲ့
သူနဲ့ရွယ်တူမဟုတ်ရင်တောင် သေချာပေါက်ငယ်မယ်ထင်ထားခဲ့တာ
ရိုးရှင်းလွန်းတဲ့ဆွယ်တာအဖြူလေးကို
ဝတ်ဆင်ထားပြီးဘာမှမလိမ်းခြယ်ထားတဲ့ ပကတိမျက်နှာလေးကဖြူဖွေးကာရှင်းသန့်လို့ နေတယ်။ခန္ဓာကိုယ်လေးက သေးသွယ်လွန်းကာ
အစောက သူကိုင်လိုက်တဲ့ခါးကျဉ်ကျဉ်လေးက
သူ့ လက်တဖက်ပွေ့ စာ တကယ်အဲလောက်ဘဲရှိတယ်ဒီလူက သူ့ ထက်၅နှစ်တောင်ကြီးတယ်တဲ့
ကျိန်ပြောရင်တောင် ယုံကြမှာမဟုတ်ဘူးဒါနဲ့သူ့ သဘောတကျပြုံးကာ
"ဒါဆို geလို့ ခေါ်မယ်"
"ဟို..."
ငြင်းပယ်တော့မည့်အကြောင်းပြချက်မလာခင်
ချင်းဟော့ ရှောင်းကျန့် ကိုခပ်ထွေထွေလေး ငေးကြည့်လိုက်ပြီးဖြေးအေးစွာမေးတယ်"ရမလားge"
"ရ...ရပါတယ်"
"ကျနော့်ပိုက်ဆံအိတ်ပြန်လိုက်ပေးတဲ့အတွက်
geကိုကျေးဇူးအများကြီးတင်တယ်
ပိုက်ဆံအိတ်က ပိုက်ဆံတော့သိပ်မပါပင်မဲ့
ကဒ်နဲ့မှတ်ပုံတင် လိုင်စင်တွေ တော်သေးတယ် geလာပြန်ပေးလို့ ပြန်လျှောက်ရင် အတော်လေးအလုပ်တွေရှုပ်ကုန်မှာ""ကျေးဇူးတင်ဖို့ မလိုပါဘူး ကောင်လေး"
ကောင်လေးလို့ ခေါ်တော့ ထိုကောင်လေးက
တက်ကြွစွာသူ့ နာမည်ကိုပြန်ပြောတယ်