💚Zawgyi❤
ဝမ်အိမ်တော်ရဲ့ခြံတံခါးအပြင်ဘက်။
"ကျေးဇူးပြုပြီး...ကျနော့်ညီလေး...မဟုတ်
အိမ်တော်ထဲမှာရှိနေတဲ့ဝမ်ရိပေါ်နဲ့ခဏလောက်ဘဲဖြစ်ဖြစ်တွေ့ ခွင့်ပေးပါ တောင်းဆိုပါတယ်"ဖြူဖျော့နေတဲ့ခန္ဓာကိုယ်လေးဟာ လေတိုက်လျှင်ပင်
ယိုင်လဲကျမတက်။"သူနဲ့ခဏလောက်လေးဖြစ်ဖြစ် တွေ့ ခွင့်ပေးပါ"
အားနည်းနေတဲ့ဂရုဏာသက်ဖွယ်
တောင်းပန်တိုးလျှိုးသံလေးကို
အလှည့်ကျခြံစောင့်တွေသနားစိတ်ဝင်မိပင်မဲ့
မည်သူတဦးကမှသခင်ရဲ့အမိန့် ကိုမလွန်ဆန်ရဲကြ။သူဒီကလေးကိုစွန့်လွှတ်လိုက်တော့မယ်ဆိုပင်မဲ့
နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားလေး
မပြောရရင်တော့အဆင်ပြေပြေနေနေရဲ့လားတော့
တကြိမ်တခါလောက်တော့ကိုယ်တိုင်အတည်ပြုချင်သေးတာ။ရိပေါ်ရဲ့စရိုက်ကိုသူအသိဆုံး။ရိပေါ်ကဘယ်သူအမိန့် ဘယ်သူ့ စကားကိုမှနာခံတက်တဲ့ကလေးမျိုးမဟုတ်ပေ။
သေချာပေါက်ကို သောင်းကျန်းနေမှာ။သူ့ ညီလေးကိုသူဖြောင်းဖြပေးမှကို ဖြစ်မှာ။
၂ရက်တိတိအိမ်တော်ရှေ့ ကနေဇွဲကြီးကြီး
ခွင့်တောင်းနေတဲ့Seanရယ်
သတိရလာထဲက ဘုဂလန့်တိုက်ပြီး
အခန်းထဲထင်တိုင်းကြဲသောင်းကျန်းနေတဲ့သူမြေးရယ်။ထိုဖြစ်ရပ်၂ခုကိုတပြိုင်နက် TVScreen
ကြည့်နေတဲ့ ဝမ်သခင်ကြီး။ခေါင်းကြောမာလွန်းတဲ့ မြေးဖြစ်သူကို
သူဖြောင်းဖြမရဘူးဆိုတာတော့ပြောနေစရာပင်မလို။
ဒီတော့သောက်လက်စဆေးလိပ်ကိုပြာခွက်ထဲထိုးငြိမ်းလိုက်ပြီး stand byအသင့်ရှိနေတဲ့လုံဖန်းကိုပြောလိုက်တယ်။
"Seanကို ခေါ်ခဲ့"
သခင်ရဲ့အမိန့်ရသည်နဲ့လုံဖန်းဟာ ဝမ်သခင်ကြီးနားကလျှင်မြန်စွာထွက်သွား၏။
လုံဖန်းထွက်သွားသည်နဲ့ရှေ့ ကTV Screenကိုသူပိတ်လိုက်တယ်။
သိပ်မကြာတဲ့အချိန် အားနည်းဖြူဖျော့နေတဲ့
ပုံရိပ်တခုသူ့ ရှေ့ ရောက်လာတယ်