💚Zawgyi❤
ကျန့်ကျန့်ပေကျင်းကိုရောက်တာ
တလလောက်ရှိပြီ ကျောင်းပြောင်းကိစ္စ ကျောင်းကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် ရိပေါ်လေးဆီတောင်မရောက်ဖြစ်ဘူး
လူကသာမရောက်တာ သူ့ စိတ်ကတော့အချိန်တိုင်း
သူ့ ကလေးလေးရိပေါ်ဆီမှာဦးလေးမော်တို့ လင်မယားကလဲ
သူ့ အပေါ်သားအရင်းလေးတယောက်လို ကောင်းရှာကြပါတယ်။အစစအရာရာ
လိုလေသေးမရှိပြည့်စုံအောင်ထားတယ်။
အခုလဲသူ့ ကိုအမွေစားအမွေခံသားအနေနဲ့ 
မွေးစားထားပြီးပြီဒါပင်မဲ့ သူလုံးဝမပျော်မိဘူး
သူ့ ကလေးလေးကိုသတိရတယ်
သူမရှိရင်ငိုနေမလား?အစားကောပုံမှန်စားပါ့မလား?
သူဂေဟာကထွက်သွားတဲ့နေကဆိုငိုလိုက်တာ
သူ့ ကလေးလေးငိုရင် သူ့ ရင်ထဲမကောင်းဘူး
သူပါလိုက်ငိုချင်မိတာ နေ့ တိုင်းသတိရတယ်
ကိုကို့ ကလေးလေးရိပေါ်ရယ်အပေါ်ထပ်သူ့ အခန်းကနေ
အိမ်ရှေ့ ကပန်းပင်လေးတွေငေးကြည့်ရင်း
ပြန်တွေးမိတယ်ဂေဟာမှာ သူအပင်ရေလောင်းနေရင်း
နောက်ဘက်ပန်းချုံအကွယ်ကနေ"တိုတို ဝါးးးး "
"အမယ်လေး!!!
"ခ်ခ် တိုတိုယန့်သွားပြီ"
ပန်းလေး၂ပွင့်ကိုနားတဖက်ဆီမှာပန်ထားပြီး
ခေါင်းမှာလဲသစ်ရွက်တွေထိုးထားကာ
ရုပ်ဖျက်ထားလိုက်သေးတယ်ကျန့်ကျန့်လဲကလေးခေါင်းပေါ်က
သစ်ရွက်အမှိုက်တွေဖယ်ပေးရင်း"တိုတို ပန်းယေးနဲ့တားလှယား"
"လှတာပေါ့ ကိုကို့ ရိပေါ်လေးကဒီဂေဟာမှာအချောဆုံးအလှဆုံးလေ"
"ဟီးဟီး တိုတိုအတွက်ပန်းယေး
တားတားခူးထားတာ"ပြောပြီးသူ့ နားမှာပန်းလေးတပွင့်လာပန်ပေးတယ်
ပြီးတော့ ကျေနပ်ဟန်လက်ခုပ်လက်ဝါးတီးကာ
"Wow တိုတိုလှတွားပြီ"သူရိပေါ်လေးနဲ့ဂေဟာရှေ့ မှာ
ပန်းပင်လေးတွေတူတူစိုက်ကြတယ်ရယ်မောပြုံးရွှင်နေတဲ့ ကလေးလေးရဲ့မျက်နှာလေးက
အခုထိသူ့ မျက်လုံးထဲကမထွက်ဘူး။