Zawgyi
မောင်ဟာ သူ့ ရှေ့ မှာဒူးထောက်လျှက်သား။
စိတ်လှုပ်ရှားမှုကြောင့်အလား
ထင်ရှားလွန်းတဲ့ မောင့်လည်ဇလုတ်ဟာ အထက်အောက်စုံဆန်ဖြေညှင်းစွာ
လှုပ်ခတ်လို့ နေ၏သူ့ ကိုအသနားခံလေသောမျက်ဝန်းများနဲ့ မျက်တောက်မခတ်စိုက်ကြည့်ရင်း
သူ့ ဆီကပွင့်အန်လာမည့်အဖြေကို
လေးနက်စွာစောင့်စားတောင်းခံနေလေတယ်ကိုကို့ ဆီက ထွက်လာမည့်အဖြေကို စောင့်ဆိုင်းနေခိုက် ဆန့်တန်းထားတဲ့ ရိပေါ်လက်များမှာချွေးများပင်စို့ နေလေ၏။
ထိုအခိုက်မှာ သူအသက်ပြင်းပြင်းတောင် မရှုရှိုက်ရဲချေ။
"ကိုကို မောင်နဲ့လက်ထပ်ပေးနိုင်မလား"
နောက်တကြိမ်ထပ်မံမေးသော်ငြား
အတော်ကြာတဲ့အထိ ကိုကို့ ဆီကအဖြေ ပြန်မလာတာကြောင့်ရိပေါ်မျက်နှာပျက်သွားပြီး ချက်ချင်းပင်အစားထိုးဟန်ဆောင်ပြုံးလျှက်
ပြောလေတယ်"အာ့ မောင်လောသွားတယ်ထင်တယ်
ကိုကိုလက်ခံဖို့ အဆင်မပြေသေးရင်လဲ…"လက်စွပ်ဘူးကိုပြန်သိမ်းမဲ့အခိုက်မှာ
ကိုကို့ ကသူ့ လက်ကိုဆွဲထား၍"ကိုကိုမင်းကိုလက်မခံတာမဟုတ်ဘူး မောင်
ဒါ မင်းမာမားပေးခဲ့တဲ့လက်စွပ် ဒါနဲ့ကိုကို့ ကိုဘာလို့ "ကိုကို့ လက်ကလေးကိုသူ့ လက်ဖြင့် ရိပေါ်ပြန်အုပ်ကိုင်လိုက်ပြီး
"တန်ဖိုးထားလို့ ပေါ့ ကိုကိုရယ်
တန်ဖိုးအကြီးဆုံးဆိုတဲ့အရာတွေ
မောင်ရှာကြည့်ခဲ့တယ်""ဒါပင်မဲ့ အဲဒါတွေက မောင့်ရဲ့ကိုကို့ အတွက် သေးနုပ်လွန်းတယ်လို့ မောင်ခံစားရတယ်
မောင် ကိုကို့ ကိုလက်ထပ်ခွင့်တောင်းဖို့ က
ကိုကို့ နဲ့အချိန်အကြာကြီးအတူရှိနေတဲ့
မောင်ရဲ့ဘိုးဘွားပိုင်လက်စွပ်လောက်
သင့်တော်တာမရှိဘူး ဒါဟာကိုကိုနဲ့ထိုက်တန်ဆုံးမို့  ကိုကိုလက်ခံပေးနိုင်ဖို့ မောင်မျှော်လင့်တယ်""ဒါက သိပ်ကိုအရေးကြီးလွန်းတယ် ဒါမရှိရင် မင်းရဲ့နေရာ…"
"ကိုကိုစိုးရိမ်ရင် မောင့်အနားမှာအမြဲရှိပေးပေါ့
ဟုတ်ပြီလား"